Unicode
၂၀၁၁ ခုနှစ် ၊ နိုဝင်ဘာ ၁၈ရက်
ပထမဆုံး တွေ့ဆုံခြင်း....
'' ငါတို့ဘဝတွေ စုတ်ပြတ်သတ်သွားအောင် နင်လုပ်လိုက်တာ လင်းမောင်! ! ။ ''
ခပ်စူးစူးအမေ့အော်သံသည် ခြံပြင်က ဒီနိုင်းမောင်ကြားရသည်အထိ ကျယ်လွန်းလှ၏။ တစ်ခါမှအခုလိုအော်ဟစ်သောင်းကြမ်းဖို့ နေနေသာသာ အသံကျယ်ကျယ်မပြောဖူးတဲ့အမေကြောင့် ဒီနိုင်းမောင်စိုးရိမ်တ ကြီးပြေးဝင်မိသည်။ ဝင်ဝင်ချင်း ဧည့်ခန်းက မြင်ကွင်းက ဒီနိုင်းမောင်ကို ဆွံ့အသွားစေမိ၏ ။ ဆိုဖာပေါ်မှာထို င်ကာ ငိုရင်းအော်ဟစ်နေတဲ့ အမေ့အရှေ့မှာ အဖေကဒူးထောက်ရင်း ခေါင်းငုံ့လို့ရယ် ။
'' အညွှန့်တလူလူတက်မဲ့နင့်သားဘဝကို နင့်ဖျက်ဆီးလိုက်တာ ၊ ငါ့ဂုဏ်သိက္ခာတွေ အကုန်ရစရာမရှိဖြစ်နေပြီ ငါရှက်လို့သေတော့မယ်!!! ။ ငါ့ဘဝတစ်ခုလုံး နင့်လိုလူမျိုးလက်ထဲမှာ ရေစုန်မြောရတာ ကံဆိုးလွန်းပါတယ်။နင် ဘာလုပ်မှာလဲ နင်ဘာတတ်နိုင်လဲ ငါရောင်းရမှာမလား ဒီအိမ်ကို နင်ဟာ။ ''
ဆိုဖာပေါ်မှာဒူးပိုက်တင်ထားကာ ခေါင်းမှောက်ရင်း ငိုနေတဲ့အမေ့ပုံစံသည် အရာအားလုံးကို စိတ်လျော့ထားသည့်နှယ် ။ စိတ်လွတ်ကိုယ်လွတ်ကို အော်ဟစ်ငိုပြီးပေါက်ကွဲနေခြင်းဖြစ်သည် ။ အမေ့ငိုရှိုက်သံတွေနဲ့ စကားသံတွင်သည် မချိတင် ကဲဖြစ်လို့နေသည် ။ နင်ဟာဆိုတဲ့ အမေ့ငြီးတွားသံအဆုံးမှာ တဖြည်းဖြည်း ကြမ်းပြင်ထိလုမတတ် ခေါင်းငိုက်စိုက်လာတဲ့အဖေ ။
'' ဒါ ဘာအခြေနေလဲ အမေ။ ''
သည်းမခံနိုင်တော့စွာ ပွဲကြည့်နေတဲ့အခြေနေကနေ ဒီနိုင်းမောင် မေးမိတော့ ဒူးပိုက်ကာမျက်နှာအပ်ထားတဲ့အမေသည် ငိုနေရင်းမော့ကြည့်လာသလို ခေါင်းငိုက်စိုက်နေတဲ့အဖေကလည်း မျက်ဝန်းထဲ မျက်ရည်စတွေအပြည့်နဲ့သူ့ကိုတစ်ချက်လှည့်ကြည့်လာပြီး အရှေ့သို့ချက်ချင်းပြန်လှည့်သွားသည် ။
'' လောင်းကစားကြွေးတဲ့ သိန်း၅၀၀တဲ့ ၊ အိမ်ရောင်းပြီးဆပ်ချင်ရင်တောင် မင်းအဖေကအိမ်ကို ပေါင်ထားတာတဲ့လေ ။ ငါတို့ဘဝကိုချွတ်ခြုံကျသွားအောင် မင်းအဖေလုပ်လိုက်တာ ။ ''
YOU ARE READING
''မေတ္တာ သက်လည် ''(completed)
FantasyUnicode ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည်း ဝေးကြရတယ်.... အချစ်တွေမရတဲ့ရပ်ဝန်းကို ချန်ထားရင်းထွက်ပြေးပြီးကာမှ ပြန်ဝင်ရောက်လာတဲ့ မေတ္တာတွေ ဒါပေမဲ့ အဆုံးသတ်ချိန်တန်ရင်အဆုံးသတ်ရမယ်မှတ်လား ။ Zawgyi ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည...