Unicode
မိုးကပိုသည်းလာတာကြောင့် အခန်းထဲက ပြတင်းပေါက်အကုန်လိုက်ပိတ်လိုက်ပြီး အဲလ်ကွန်း ဖွင့်လိုက်ကာကုတင်စွန်းမှာပဲ ပြန်ထိုင်နေမိသည် ။ သူ့ရဲ့တုံးအမှုတွေအကြောင်းတွေးလိုက်တိုင်းရင်ထဲမှာ စို့နင့်လာတဲ့ခံစားချက်တွေသည် အဆုံးအစမရှိ ။ အတွေးလွန်တတ်ပြီးတုံးအတဲ့ ကိုယ့်ကို ချုပ်ကိုင်နိုင်တဲ့ မာမီတို့က တော်လွန်းတယ်ဆိုတာထက်ပိုပါတယ်။ အကွက်ကျကျနဲ့စီစဥ်ခံလိုက်ရကြောင်း တဖြည်းဖြည်း ဦးနှောက်ကစဥ်းစားတက်လာတယ်။
ဒီနိုင်းမောင် တရေးပြန်နိူးလာတော့ ခေါင်းကိုက်တာတွေ မရှိတော့ပေမဲ့ ကိုယ်တော့ နွေးနေသေးတာကို ခံစားမိ၏။ ညက ဒီနိုင်းမောင်လည်း ပြောချင်ရာပြောပြီးမှ အားနာနေရပြီး အိပ်ပျော်သွားတာ ဖြစ်သည် ။ မျက် လုံးတွေဖောင်းအစ်နေတဲ့လူရဲ့ မျက်နှာကိုမြင်လိုက်တိုင်း ရင်ဘတ်ထဲ တင်းတင်းကြပ်ကြပ် ။ မျက်နှာသေနဲ့ဟန်ဆောင်ရတာမလွယ်ကူလှ ၊ အစပိုင်းက ဒီလူနဲ့ပတ်သ က်တဲ့အရာတွေ ဒီနိုင်းမောင် မခံစားရလောက်တော့ဘူးဟု စိတ်ကိုလိမ်ခဲ့ပေမဲ့ ကြာလာလေအမှန်တရားပေါ် လာလေဖြစ်သည် ။
၇နှစ်လုံးလုံး ဒုက္ခခံလာခဲ့တာတောင် မနာကြီးနိုင် စွန့်လွှတ်ဖို့ တွန့်ဆုတ်နေခဲ့တာတွေအတွက် ကိုယ့်ကို ကိုလည်းအားမရ ။ လမ်းခွဲလိုက်ပေမဲ့ သင်ရိုးလင်္ကာ သူ့ကိုဆွဲထားမယ်လို့ မထင်ရိုးအမှန် ။ အမှတ်မရှိစွာ ဒီလူ့ ဟန်ဆောင်ခြင်းတွေကြားတဖြည်းဖြည်း ပြိုလဲချင်နေတဲ့ ကိုယ့်ကို ကိုလည်းအံ့သြရ၏။ ညကကျောပေးပြီး အိပ်ထားတာကြောင့် ဒီနိုင်းမောင်အသာယာ လှည့်ကြည့်မိတော့ ကျောပေးကာထိုင်နေသေးတဲ့လူကြောင့် အိပ်ရာထဲကနေ ဆက်ခနဲထမိပြီး အဲ့လူအရှေ့မှာမတ်တပ်ရပ်လိုက်ကာ ။
'' ဘာဖြစ်နေတာလဲ ဘယ်အချိန်ကတည်းက ပြန်ထထိုင်နေတာလဲ ။ ''
ဒီနိုင်းမောင် မေးလိုက်တော့ ခေါင်းမော့ကာ ပြန်ကြည့်လာတဲ့ သင်ရိုးလင်္ကာရဲ့မျက်လုံးတွေသည် ရဲနေသည်။ဒီနိုင်းမောင် ကျစ် စုတ်သတ်လိုက်ရင်း မော့ကြည့်နေတဲ့သူရဲ့မျက်လုံးတွေနဲ့စုံအောင်ကြည့်လိုက်တော့ ။
YOU ARE READING
''မေတ္တာ သက်လည် ''(completed)
FantasyUnicode ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည်း ဝေးကြရတယ်.... အချစ်တွေမရတဲ့ရပ်ဝန်းကို ချန်ထားရင်းထွက်ပြေးပြီးကာမှ ပြန်ဝင်ရောက်လာတဲ့ မေတ္တာတွေ ဒါပေမဲ့ အဆုံးသတ်ချိန်တန်ရင်အဆုံးသတ်ရမယ်မှတ်လား ။ Zawgyi ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည...