အပိုင်း ၄

464 23 0
                                    

Unicode

ရေးသစ်လင်္ကာ အိမ်ကိုတောင်ဘယ်လိုရောက်လာလို့ရောက်လာမှန်းမသိပါ ၊ လူတစ်ကိုယ်လုံး မိုးရည်တွေစိုရွဲနေကာ ပေစုတ်စုတ်ပါဖြစ်နေသည် ။ အိမ်ရဲ့စင်ဝင်အောက်ထဲ ကားကိုထိုးရပ်လိုက်ပေမဲ့ ကားပေါ်ကနေမဆင်းနိုင်သေးသလို ကားစက်လည်းမသတ်ထားပါ ။စီယာရင်တိုင်ပေါ်မှာ နှဖူးတေ့ထားရင်းမျက်နှာအပ်ထားကာ စိတ်ငြိမ်အောင်လုပ်နေမိသည် ။ မြင်လိုက်ရတဲ့ သင်ရိုးလင်္ကာ ကားလမ်းမအလယ်မှာတက်ရပ်နေတဲ့မြင်ကွင်းသည် ရေးသစ်လင်္ကာ မျက်လုံး မှိတ်လိုက်တိုင်း  အဲ့မြင်ကွင်းက ပေါ်ပေါ်လာသည် ။ မခံမရပ်နိုင်ဖြစ်ခြင်းတွေနဲ့အတူ ဝမ်းနည်းစိတ်မကောင်းမှုကိုပါ တစ်ပြိုင်နက်တည်းခံစားနေရသည် ။

ရေးသစ်လင်္ကာနဲ့ သင်ရိုးလင်္ကာ က ၁၅မိနစ်ကြီး ၁၅ မိနစ်ငယ် အမြွှာတွေ ။ ဘယ်တော့မှ မတည့်ခဲ့တာမရှိရန်ဖြစ်တယ်ဆိုတာလည်း မရှိဖူးပါ ။ ရေးသစ်လင်္ကာသည် အသက်အများကြီးကွာတဲ့ပုံစံလောက်ထိကို သင် ရိုးလင်္ကာ အပေါ် အလွန်ချစ်ပြီး အလိုလိုက်တတ်တဲ့အမျိုးသမီးဖြစ်၏။ တစ်ခါတစ် ရံမှာလည်း ချုပ်ခြယ်တတ်ပေမဲ့အများစုက သင်ရိုးလင်္ကာ အဆင်ပြေမဲ့အရာတွေကိုသာရွေးချယ်ပေးခဲ့သူဖြစ်သည် ။ ပထမဆုံး သူတို့အတူရှိလာတဲ့ ၂၉ နှစ်ဆိုတဲ့သက်တမ်းမှာ ဒီနိုင်းမောင် ဝင်လာပြီးမှကတောက်ကဆ ခနခနဖြစ်ခဲ့ရသည် ။အဆိုးရွားဆုံးဖြစ်ခဲ့တာက ဒီနိုင်းမောင်နဲ့စတွဲတာကိုသိကာစက ဖြစ်တယ်လို့ထင်ခဲ့ပေမဲ့  အခုတစ်ခါသင်ရိုးလင်္ကာရဲ့အကြည့်သည် ရေးသစ်လင်္ကာကို များစွာနာကျင်စေသည် ။

ဘာတွေမှားသွားလို့ အဲ့လိုမျိုးစိမ်းသက်သက်အကြည့်မျိုးနဲ့တောင်ကြည့်ခံရတာလဲ ဆိုတာ စဥ်းစားလေအဖြေမထွက်လေဖြစ်သည် ။ အမြဲကိုယ့်အပေါ်ဆိုရင်လေ သံအေးအေးလေးနဲ့လိုချင်တာတောင်းတတ်တဲ့ကလေးသည် အခုသူချစ်တဲ့သူ စိမ်းတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုတွန်းထုတ်ခဲ့တာ ။ သူမ သိပ်တန်ဖိုးထားပြီး ပိုးလိုဥထားတဲ့ကလေးကို ဒူးထောက်အောင်လုပ်ခဲ့တဲ့အပြင် အဲ့ကလေးသည် မတွေးဝံ့စရာ အတွေးတွေ တွေးပြီး သူမဘဝထဲကနေထွက်သွားဖို့လုပ်နေသည် ။ ကလေးသာတစ်ခုခုဖြစ်သွားရင် ယူကြုံးမရတဲ့ စိတ်တွေနဲ့ ကျန်နေခဲ့မှာ ဒါမှမဟုတ် အတူတူပါလိုက်သွားမိမယ်ထင်တယ် ။

''မေတ္တာ သက်လည် ''(completed)Where stories live. Discover now