အပိုင်း ၁၄

293 18 2
                                    

Unicode

၅ရက် အကြာ...........

သင်ရိုးလင်္ကာ ပြတင်းပေါက်နားမှာထိုင်နေမိတာကြာပြီ ခြံထဲစိုက်ထားတဲ့ နေကြာပန်းတွေကိုငေးရင်း နေနေမိတယ် ။ နေသာနေတာမို့ ရာသီဥတုလေးက ကြည်လင်နေပေမဲ့ သင်ရိုးလင်္ကာရဲ့စိတ်တွေကတော့ အဝေးကိုပျံ့လွင့်နေပြီး မှိုင်းမှိုင်းရိရိ ။


နောက်ကျောဘက်ဆီက ခြေသံကြားလို့ သင်ရိုးလင်္ကာအနောက်လှည့်ကြည့်မိတော့ ထွဋ်ခေါင်ဦးကို တွေ့လိုက်ရသည် ။ သင်ရိုးလင်္ကာထိုင်နေတဲ့ဘေးက ပိုနေတဲ့နေရာမှာပဲ ထွဋ်ခေါင်ဦးဝင်ထိုင်လိုက်ပြီး အရှေ့ကိုသာကြည့်ပြီး စကားဦးသန်းလိုက်သည်။


'' မင်းဒီလိုမျိုး ဘယ်အချိန်ထိနေနေမှာလဲ ။ ''


'' နောင်တရနေကြပြီလို့ မင်းထင်နေတာလား ၊ အတ္တကြီးနေကြတုန်းပဲဆိုတာ မင်းမမြင်ဘူးလား ။ ငါ့ကိုချစ်လို့မဟုတ်ပဲ သူတို့သိက္ခာတွေအတွက် ငါ့ကိုအဖက်ဆယ်ပေးနေတာ ။ မောင့်ကိုငါ့အနားပြန်ခေါ်လာတာလည်း ငါ့ကြောင့်လို့တစ်ခုထဲမင်းထင်လား ။ ''


'' မင်းတို့မိသားစု ဆက်ဆံရေးကိုငါနားမလည်ဘူး ၊ ဒါပေမဲ့ မင်း ဒီနိုင်းမောင်ကိုတော့မလှည့်စားသင့်ဘူးထင်တယ် ။ ''


သင်ရိုးလင်္ကာ သက်ပြင်းငွေ့ငွေ့ချမိတယ်....။


လွန်ခဲ့သော် ၈လခန့်....


တကယ်တော့ သင်ရိုးလင်္ကာ အခုနောက်ပိုင်းအမည် တပ်မရတဲ့ ရောဂါပေါင်းစုံဖြစ်နေခဲ့တာ ။ တစ်ခါတစ်လေ ဗိုက်တွေအရမ်းအောင့်ပြီး တစ်ခါတစ်လေခေါင်းတွေထိုးကိုက်နေတတ်တယ် ။ စိတ်ထွက်ပေါက်ရှိမနေတဲ့ ဆက်ဆံရေးတွေကိုလက်ခံရယူပြီးတဲ့နောက်မှာ သင်ရိုးလင်္ကာ စိတ်ကျန်းမာရေးဆရာဝန်ဖြစ်တဲ့ သူ့သူငယ်ချင်း ထွဋ်ခေါင်ဦးရဲ့အကူညီနဲ့ ကျန်းမာရေး အကြောင်းဆွေးနွေးဖြစ်ခဲ့တယ် ။


'' တစ်သက်လုံး  ပေါင်းလာတဲ့ငါ့ကို မင်းရင်ဖွင့်ခဲ့သင့်တာ တစ်ယောက်ထဲ အထီးကျန်သလိုနေခြင်းက မင်းကိုထိခိုက်စေတာ အခုမြင်ပြီလား ။ စိတ်ကျရောဂါဖြစ်ချင်နေတာကို ပေါ့ပေါ့သေးသေးအောက်မေ့နေတာလား ။ အချိန်တွေကြာလာရင် mental disorder (စိတ်ရောဂါ)ပါ ဖြစ်လာနိုင်တယ်ကွ ။ ''


''မေတ္တာ သက်လည် ''(completed)Where stories live. Discover now