အပိုင်း ၃

426 20 0
                                    

Unicode

ဆေးရုံဆင်းတဲ့နေ့ဖြစ်သလို မရင်ဆိုင်ချင်တဲ့နေ့ကိုရောက်လာခြင်းဖြစ်သည် ။ သင်ရိုးလင်္ကာသ ည် မျက်ရည်ကျနေရုံမှအပ ဘာမှမတတ်နိုင် ၊သူကအပြောဆိုမတက်လို့ အခုလိုအဖြစ်မျိုးကြုံရတာဖြစ်သည် ။ မကောင်းတဲ့အကျင့်မှန်းသိရက်နဲ့ သင်ရိုးလင်္ကာ သည်အကျင့်ကိုမပြင်နိုင်ပဲထပ်ခါ ထပ်ခါလုပ်မိခဲ့တာပါ ။ ခံရတဲ့သူကလည်း တစ်ချက်ကလေးတောင် နာသည်သာသည်ဟု မပြောပဲကြိတ်ခံနေတာကြောင့် သင်ရိုးလင်္ကာက ရောင့် တက်ကာ ပြင်ဖို့လမ်းစကိုဆွဲမထုတ်ပဲ အဟုတ် ကြီးမှတ်နေခဲ့တာဖြစ်သည် ။

ဒီနိုင်းမောင်သည် ဘာဖြေရှင်းချက်တွေကိုမှလ က်မခံတော့ပါ ။ သင်ရိုးလင်္ကာ အတွက်ဒီနိုင်းမော င်ဆီမှာအချစ်ဆိုတဲ့အရာကိုရှာမတွေ့တော့ပါ အဲ့အခိုက်တန့်သည် သင်ရိုးလင်္ကာရဲ့ အသည်းနှလုံးကိုတုန်လှုပ်ခြောက်ခြားသွားစေတဲ့ထိ ထိတ်လန့်မှုဖြစ်စေခဲ့သည် ။ ကျနေတဲ့မျက်ရည်တွေကို မသုတ်ပြစ်ချင်တော့ပါ သူတို့အဆုံးသတ်က​ ခြေတစ်လှမ်းအလိုမှာရောက်နေပြီမို့လို့ သင်ရိုးလင်္ကာ သည် တကယ်ကိုရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်မတတ် နာကျင်နေသည် ။

လေတိုက်ခတ်မှုကြောင့် အခန်းပြတင်းပေါက်မှ လိုက်ကာစတွေသည် တစ်လူလူလွင့်နေသည် ။ ရာသီဥတုက အေးနေတာ မှန်ပေမဲ့ သင်ရိုးလင်္ကာရင်ထဲတွင်မအေးနိုင် ။ တလှိမ့်လှိမ့်ကျလာတဲ့မျ က်ရည်တွေသည် ပါးပြင်မှာ ခြောက်ကပ်နေပြီဖြစ်သည် ။ သင်ရိုးလင်္ကာ ဘာမှကိုဆက်မတွေးနိုင်တော့အောင်ဖြစ်နေရပြီး ဘာကိုမှလည်းမစဥ်းစားနိုင်တော့ပါ ။ သူသိတာ တစ်ခုပဲရှိသည်သူ ဒီနိုင်းမောင်နဲ့မဝေးချင်ပါ ။

အဲ့ဒီနောက် ဒီနိုင်းမောင်နဲ့သူ အတူတူနေကြတဲ့ တိုက်ခန်းကိုပဲ ဒေါ်မြညွှန့်အကူညီဖြစ်ပြန်ရောက် လာသည် ။ ဆေးရုံတက်ရတာ သုံးရက်အတွင်းမှာ ဒီနိုင်းမောင်သည် ဆေးရုံစစတက်သည့်နေ့ကသာ လာပြီး နောက်ရက်တွေပေါ်မလာတော့ပါ ။ ဖုန်းဆက်ဖို့ရာလည်း မှာခဲ့တဲ့စကားလုံးအချို့ကြ ဖုန်းဆက်ဖို့ရာတွန့်ဆုတ်နေခဲ့ခြင်းဖြစ်သည် ။ ဒီနိုင်းမောင် အမေကတော့နေ့တိုင်းဖုန်းဆက်ပြီး သူ့သတင်းအားအမြဲမေးပါသည် ပြီးရင်လည်း မောင့်ဆိုးသွမ်းခြင်းတွေအပေါ် အားနာပါတယ် ဆိုတဲ့စကားအမြဲပြောလေသည် ။ တကယ်အစစ်မှန်က သူသာမောင့်အပေါ်ဆိုးသွမ်းခဲ့ကြောင်း အထက် စီးဆန်ခဲ့ကြောင်း မောင့်အမေသာသိရင်ဒီလိုမျိုးသူ့အပေါ်မှာ ကြင်နာပါဦးမလား ။

''မေတ္တာ သက်လည် ''(completed)Where stories live. Discover now