Unicode
ဒီနေ့က ရေးရေး ဆုံးသွားတာ ၃လပြည့်တဲ့နေ့ အိမ်ကမိသားစု၀င်တွေ အပါအ၀င် မောင်နဲ့ထွဋ်ခေါင်ဦး ကိုပါခေါ်ပြီး မိဘမဲ့ဂေဟာကို အလှူတမ်းလာလုပ်ဖြစ်ကြသည် ။ နေ့လည် ထမင်းစားချိန်ရောက်တော့ မပီကလာ ပီကလာအသံလေးတွေနဲ့ ဆုတော င်းမေတ္တာပို့ကြတဲ့အသံတွေကို နားထောင်ပြီး ရင်ထဲမှာနေလို့ထိုင်လို့မကောင်းဖြစ်နေရသည် ။ ဘယ်လိုအခက်ခဲတွေနဲ့ရင်ဆိုင်ရလို့ ကိုယ့်ရဲ့ရင်သွေးတွေကို ခုလိုမျိုး ပစ်ရက်နိုင်ကြတာလဲလို့ တွေးမိတယ် ။ သားသမီးရတနာ ဆိုတာကလည်း ကိုယ်နဲ့ထိုက်မှရတာတဲ့ အခုလို့ကြတော့လည်း ရအောင်ယူခဲ့ကြပြီး ရထိုက်တာတောင် မိဘမေတ္တာတွေ မပေးနိုင်ကြပဲ စွန့်ပစ်ခဲ့ကြတယ် ။ မစဥ်းစား မဆင်ခြင်ပဲ ကလေးတွေကို ဘ၀ထဲရောက်အောင် ဆွဲခေါ်ကြတဲ့အပြင် အခုလိုမျိုးပါလုပ်တာတော့ မသိနားမလည်တဲ့ကလေးတွေအတွက်မတရားရာကျလွန်းသည် ။
ကလေးတွေနဲ့ ဘောလုံးကန်ကာ ဆော့နေတဲ့ မောင့်ကို အဝေးကနေ ထိုင်ကြည့်နေရင်း အားနာစိတ်တွေ အပြိုင်၀င်မိတယ် ။ ဘာမှမဖြည့်ဆည်းပေးနိုင်ပဲနဲ့တောင် သူမောင့်အပေါ်မှာ ဆိုးရွားတဲ့လုပ်ရပ်တွေ လုပ်ခဲ့တယ် ဒါတောင်မောင်ကအပြစ်ယူခြင်းမရှိပါ ဒါပေမဲ့ စိတ်တော့ခုနေမယ်လို့ထင် သည် ။
"ကြည့်မဝဖြစ်နေတာပေါ့လေ ။ "
ကိုစိုင်းနဲ့ ကိုကို က ထမင်းစားပြီး လမ်းလျှောက်ထွက်နေရာကနေ သူတို့ထိုင်နေတဲ့နားကို ပြန်ရော က်လာကြသည် ။ ဒယ်ဒီနဲ့ မာမီကတော့ ဂေဟာမှူးနဲ့ အလှူကွေထောက်ပံ့မဲ့ ကိစ္စဆွေးနွေးနေကြတာဖြစ်ပြီး ထွဋ်ခေါင်ကတော့ လူနာ case တစ်ခုရှိတာနဲ့ အလောတလျင်ပြန်သွားရသည် ။
" မဟုတ်ပါဘူးဗျာ ဟိုတွေး ဒီတွေးတွေးနေတာပါ ၊ ဒီနေရာလာတော့ မမကို သတိရသွားတယ်ပိုပြီး ကလေးကတအားချစ်တတ်လိုက်တာမှ လွန်ရော ဒီလာရင်မျက်ရည်လေးဝဲဝဲနဲ့ကလေးတွေကိုကြည့်နေတတ်တာ ။ "
" ရေးရေးက ဒီဂေဟာလာနေကြလား ။ "
" အင်း သူကနှစ်တိုင်းသူ့မွေးနေ့ရောက်ရင် ဒီမှာပဲလာလှူလေ့ရှိတယ် ။ "
YOU ARE READING
''မေတ္တာ သက်လည် ''(completed)
FantasyUnicode ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည်း ဝေးကြရတယ်.... အချစ်တွေမရတဲ့ရပ်ဝန်းကို ချန်ထားရင်းထွက်ပြေးပြီးကာမှ ပြန်ဝင်ရောက်လာတဲ့ မေတ္တာတွေ ဒါပေမဲ့ အဆုံးသတ်ချိန်တန်ရင်အဆုံးသတ်ရမယ်မှတ်လား ။ Zawgyi ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည...