Unicode
မြတ်ယိမ်းမော် ဆေးခန်းနားက ပတ်၀န်းကျင်ကလူတွေနဲ့ နေသားတကျဖြစ်လို့နေပြီ ၊ ဆေးခန်းမှာ ခန့်ထားတဲ့ နပ်စ်မလေးတွေကလည်း ကျောင်းတုန်းက ဂျူနီယာလေးတွေမို့ ထွေထွေထူးထူး ရင်းနှီးအောင်လုပ်စရာမလိုအပ်တာကြောင့် အဆင်ပြေသွားသည် ။ လိုအပ်တဲ့ဆေးဝါးအစုံကို နဂိုကတည်းကမှာထားပြီးသားမို့ ဆေးခန်းစဖွင့်တာနဲ့ ပြင်ဆင်စရာရှိတာပြင်ဆင်နိုင်ပြီး အမြန်ဖွင့်နိုင်သွားတာဖြစ်သည် ။ မာမီတို့ကိုတိုင်ပင်ခဲ့တယ်ဆိုတာလည်း နိုင်ငံခြားမသွားဖြစ်တော့ဘူးဆိုတာ တိုင်ပင်ခဲ့တာဖြစ်ပြီး ဆေးခန်းက ကိစ္စကတော့ သူဟိုမှာကတည်းက ကြိုတင်စီစဥ်ထားခဲ့ခြင်းဖြစ်သည် ။
၁လအတော်အတွင်းမှာ ရေးရေးမရှိတော့တာကလွဲရင် အရာရာ အိမ်မှာရှိတဲ့လူတိုင်းက သူ့ဟာသူလည် ပတ်လို့နေသည် ။ ရေးရေးတစ်လပြည့်တုန်းကလည်း ဘုန်းကြီးကျောင်မှာ ဆွမ်းပို့ပြီး ဘိုးဘွားရိပ် သာနဲ့ မိဘမဲ့ဂေဟာတစ်ခုမှာ ထမင်းဟင်းနဲ့ အခြားလိုအပ်ချက်တွေကို ဖြည့်ဆည်းကာ လှူဒါန်းခဲ့သည် ။ စိုင်းလည်း သူတို့မိသားစုရှိတဲ့နေရာကနေ ထွက်သွားဖို့ပြင်နေတဲ့ပုံပဲ ရေးရေးအပတ်သက်မရှိတော့ရင်သူနဲ့လည်း ပတ်သက်ချင်မှာ မဟုတ်ပေ ။
ဒေါက် ဒေါက် ဒေါက်!
" ဆရာ လူနာလာတယ် ။ "
နပ်စ်မလေးရဲ့ တံခါးခေါက်သံနဲ့အတူ လူနာလာကြောင်းပြောသံကြောင့် အတွေးယဥ်ကြောပြတ်သွားရသည် ။ ဂျူတီကုတ်ကို သပ်သပ်ရပ်ရပ်ပြန်ပြင်လိုက်ပြီး ။
" အထဲလွှတ်လိုက်နော် ။ " ဟုပြောလိုက်သည် ။
ဝင်လာတဲ့ လူနာက အခြားသူမဟုတ် မြတ်ယိမ်းမော် ရင်းရင်းနှီးနှီးသိတဲ့သူ ဖြစ်သည် ။
" အန်တီ ဒီနိုင်းမောင်အမေမှတ်လား ။ "
" သားက သင်ရိုးလေး အစ်ကို ၊ အမလေး ရေစက်တွေများ တွေ့တတ်ပါ့သားရယ် ။ "
" ဟုတ်ပါ့ဗျာ အန်တီကုတင်ပေါ်လှဲလိုက်နော် ၊ ည
မလေး ဟိုထိုင်ခုံမှာထိုင်နေလိုက်နော် ။ "" ဘာဖြစ်လို့လဲ အန်တီ ။ "
" ဒီရက်ပိုင်းလူက အားနည်းသလိုကြီး နုံးချိနေပြီးတော့မူးနေတာ သားရယ် ။ "
YOU ARE READING
''မေတ္တာ သက်လည် ''(completed)
FantasyUnicode ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည်း ဝေးကြရတယ်.... အချစ်တွေမရတဲ့ရပ်ဝန်းကို ချန်ထားရင်းထွက်ပြေးပြီးကာမှ ပြန်ဝင်ရောက်လာတဲ့ မေတ္တာတွေ ဒါပေမဲ့ အဆုံးသတ်ချိန်တန်ရင်အဆုံးသတ်ရမယ်မှတ်လား ။ Zawgyi ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည...