အပိုင်း ၁၇

247 13 0
                                    

Unicode + Zawgyi

သုံးရက်မြောက်နေ့....

မနိုးလာသေးတဲ့ ကုတင်ထက်မှာ အေးချမ်းစွာလဲလျောင်းနေတဲ့ မြတ်ယိမ်းမော် ၊ ခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက်ဆီက ချထားတဲ့လက်ဖ၀ါးလေးကို တယုတယကိုင်ရင်း စိုင်းနေဇေယျ နေနေမိတယ် ။ ပကတိအေးချမ်းတဲ့မျက်နှာလေးထက် အောက်စီဂျင်ပိုက်က တန်းလန်း ။ စိုင်းနေဇေယျကိုင်ထားတဲ့လက်ကလေးရဲ့ လက်ဖမိုးမှာလည်း အပ်ကတန်းလန်း ။

ဒေါ်လင်္ကာဆွေလည်း လူကြီးဖြစ်တော့ကာ သိပ်မထိခိုက်သွားပေမဲ့လည်း ဆေးရုံမှာပဲ သက်သာအောင်စောင့်ကြည့်နေရတုန်းဖြစ်သည် ။ ဦးမြတ်ထိန်ကိုကလည်း သူ့အမျိုးသမီးဘေးနားမှာ ရေးရေးနဲ့အတူရှိပေးနေသည်မို့ အဆင်ပြေလှ၏။ စိုင်းနေဇေယျကတော့ မြတ်ယိမ်းမော်နားကလွဲရင် ဘယ်နေရာကိုမှထမသွားချင်ပါ ။

"မြင်လား ကိုမြတ် ၊ မသေကောင်းမပျောက်ကောင်း ကျွန်မကြုံခဲ့ရတာ ။ "

"အဲ့ဒါ ဘယ်သူ့ရဲ့အမှားလဲ လင်္ကာဆွေ ၊ မင်းဘာတွေဖြစ်ချင်နေမှန်းငါနားမလည်ဘူး မင်းနေမကောင်းဖြစ်နေလို့ငါမပြောချင်ပေမဲ့ မင်းလုပ်ရပ်တွေမှားနေတယ်ကွ ။ "

ဖျော့တော့တော့ဖြစ်နေတာတောင် အပြစ်တွေမြင်ဖို့သတိရနေသေးတဲ့ လင်္ကာဆွေကို မြတ်ထိန်ကိုလည်း စိတ်ပေါက်ပေါက်နဲ့ အလျာ့မပေးပဲ ပြန်ပြောမိတယ် ။ ရေးသစ်လင်္ကာအခန်းထဲ ရှိနေပေမဲ့လို့လည်း သူမလုပ်စရာရှိတာတွေကိုသာ Lattopကြည့်ရင်း လုပ်နေလိုက်တယ် ။ ကြားနေရသော်လည်း မကြားချင်ယောင်ဆောင်နေလိုက်တယ် ။ သူမအကုန်လုံးကိုအတော်လေး စိတ်ကုန်နေပြီဖြစ်တယ် ။

" ကျွန်မစေတနာတွေ ရှင်တို့ကနားမလည်ကြဘူးပဲ ။ "

" တော်ပါကွာ မင်းကစေတနာမဟုတ်ဘူးကွ မင်းအတ္တအတွက်နဲ့ သူများဖြစ်တည်မှုတွေကိုတိုက်ခတ်နေတာကွ ။ နေမကောင်းနေတာကို မင်းစိတ်အေးအေးချမ်းချမ်းနေစမ်းပါကွာ ။"

အချေအတင်ဖြစ်လာတဲ့ အဖေနဲ့အမေကြောင့် ရေးသစ်လင်္ကာ lattopကိုပိတ်လိုက်ပြီး အလုပ်ထိုင်လုပ်နေရာမှ ဆိုဖာမှထိုင်နေရာကနေ ထလိုက်ကာ မတ်တပ်ရပ်လိုက်သည် ။ ကျောခိုင်းရင်း အခန်းထဲကနေထွက်ဖို့လုပ်ကာစ ရှိသေး အနောက်ကအမေ့ဆီက စကားသံကြောင့် ရေးသစ်လင်္ကာစိတ်ရှုပ်စွာနဲ့ သက်ပြင်းချမိပြီး တံခါးဆွဲပိတ်ပြီး အခန်းကိုကျောပေးခဲ့ကာ ထွက်လာခဲ့လိုက်သည် ။

''မေတ္တာ သက်လည် ''(completed)Where stories live. Discover now