3

2K 43 0
                                    

''ဟဲ့...နုနွယ်၊နင့်မမကော''

''အခုဆင်းလာပြီတဲ့ ဘွားတင်''

ထမင်းဝိုင်း၌ လူအားလုံးစုံပြီဖြစ်သော်လည်း နာနာရောက်မလာသေးသဖြင့် ဒေါ်တင်တင်ညိုမှာ လည်တမျှော်မျှော်ဖြစ်ရသည်။
လုလုမှာ အဘွားဖြစ်သူကို တစ်ချက်ကြည့်ကာ မျက်နှာကြီးစူပုပ်လိုက်သည်။

''ဗိုက်ဆာလို့ဖြင့်သေတော့မယ် အဲ့ကောင်မကအခုထိမလာသေးဘူး၊သူ့ကိုသူဘာထင်နေတာလဲ''

''ကျွန်တော်လည်း ဘယ်သိမလည်း၊သွားမေးပေါ့''

မောင်ဖြစ်သူ တာရာညို၏ဘုကလန့်စကားကြောင့် ခုံအောက်ကနေဖြင့် ပေါင်သားအားဆွဲလိမ်လိုက်တော့ တာရာညိုက မျက်စောင်းထိုးကြည့်လာသည်။

''ဘာဖြစ်နေတာလည်း ဒီမောင်နှမနှစ်ယောက်က''

''ဘာဖြစ်ရမှာလည်း မမလေ၊ပေါင်ကိုလာဆွဲဆိတ်လို့''

''ဟဲ့ လုလု နင်ကဘာလို့သွားလုပ်တာတုန်း''

''ဘာမှမလုပ်ပါဘူး အမေရဲ့၊ဒီတိုင်းစလိုက်တာ''

ဒေါ်လင်းလင်းခက်က လုလုအား တစ်ချက်မျှကြည့်ကာ ဘွားတင်ဘက်သို့လှည့်၍

''အမေ စားရအောင်လေ၊ဟင်းတွေအေးကုန်တော့မယ်''

''နေပါဦး မိခက်ရယ်၊ငါ့မြေးလေးမလာသေးဘူး....ပြီးတော့ လေးနဲ့မှိုင်းလည်းရောက်မလာသေးဘူး''

''ဟင်...ဘွားဘွား ကိုလေးနဲ့ကိုမှိုင်းကိုရော ခေါ်ထားတာလား''

''အေးလေ...မိသားစုတွေစုံစုံညီညီပေါ့၊အော်...ဟိုမှာလာကြပြီ''

ဘွားတင်စကားအဆုံးတွင် ရောက်နှင့်နေပြီးသော လေးနှင့်မှိုင်းက လွတ်ရာနေရာတွင်ဝင်ထိုင်လိုက်ကြသည်။ဒေါ်လင်းလင်းခက်က ချက်ချင်းပင်

''မတွေ့တာကြာပြီ သားတို့ရေ၊ပိုချောလာကြတယ်နော်''

''မြှောက်ပြန်ပြီ အန်တီခက်ရယ်၊ကျွန်တော်ကဒီပုံပါပဲ လေးကသာပိုချောလာတာ''

''ဟုတ်တယ်နော်''

လုလုကဝင်ထောက်ခံတော့ မှိုင်းက ရယ်ကျဲကျဲဖြင့် လေးလက်မောင်းအား တို့လိုက်၏။

Kiss it betterWhere stories live. Discover now