''ဟယ်လို ဘွားတင်''
''အေး...သမီးတို့ ခရီးသွားကြတယ်ကြားတယ်၊ပြန်ရောက်ပြီလား''
''ဟုတ်..ပြန်ရောက်ပြီ...ဘွားတင်''
''ဒါဖြင့် အိမ်လာခဲ့ကြစမ်းပါကွယ်၊နာနာကိုဖုန်းဆက်တာ ဖုန်းမကိုင်လို့...သူနဲ့တွေ့ဖြစ်ရင် ပြောပေးလိုက် မိသားစုစုံစုံညီညီဖြစ်ရအောင် လေးကိုရော မှိုင်းကိုရော ခေါ်ခဲ့ပါလို့''
''ဟုတ်ကဲ့ ဘွားတင်''
ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်ထားသော နာနာက ဘာပြောတာလည်း ဟူသော သဘောဖြင့် မေးဆတ်ပြသည်ကို ဗေဒါက လက်ဖြင့်အသာကာလိုက်ပြီး ဖုန်းချလိုက်ပြီးခါမှ ပြောသည်။
''အိမ်လာခဲ့ကြတဲ့ အားလုံး''
လေး ကနာနာ့အားတစ်ချက်ကြည့်သည်။
''သွားမှာလား..နာနာ''
သူအတန်ကြာမျှ တွေဝေကာ ပြတင်းပေါက်ဘက်သို့ငေးနေမိသည်။ခဏကြာမှ
''သွားကြတာပေါ့လေ...ရှောင်ပြေးနေလို့မှမရပဲ''
''ဘယ်လိုပဲဖြစ်ဖြစ် မသိချင်ယောင်ဆောင်ပေးနေလိုက်ပါ...သူလည်းနင့်ကို ချစ်ရှာပါတယ်''
''သိပါတယ်..အဲ့တာကြောင့်မို့ပဲ စိတ်ဆိုးချင်ရင်တောင် စိတ်ဆိုးလို့မရတာလေ''
''အားလုံးအဆင်ပြေသွားမှာပါ၊လေး..တစ်ယောက်လုံးရှိနေတာပဲ စိတ်ပူစရာမလိုဘူး''
နာနာကပြုံးသည်။
''စိတ်မပူပါဘူး ကိုမှိုင်းရဲ့၊အခုတောင် ဒီလက်တစ်ဖက်ကြောင့် ကိုလေးကို ဝန်ပိနေမိနေပြီ...အားနာလို့''
''ဟား..ဟား...ရယ်ချင်ပါတယ်နာနာရာ၊မင်းဟာလေ..မင်းကိုလေးကိုဆို နည်းနည်းလေးမှအထိမခံတာနော်...''
နာနာ့ဘက်သို့ ကိုယ်လှည့်ပေးထိုင်ထားသည့် လေးက သူမဦးခေါင်းလေးကို ပုတ်ကာ အသာရယ်၏။ဒါကြောင့်မို့လည်း အချစ်ပိုနေရတာ...
''ရှိတာမှ ဒီတစ်ယောက်ထဲဟာ..အထိမခံနိုင်ဘူးကိုမှိုင်းရဲ့''
''အမယ် နင်ကဘယ်နှစ်ယောက်ယူချင်သေးတာလဲ''
YOU ARE READING
Kiss it better
Romanceအချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်...