Kiss it better(pt.20)
မွန်းလွဲညနေ၃နာရီပိုင်းပင် ဖြစ်သောလည်း အိမ်တော်အတွင်း၌ ခါတိုင်းနှင့်မတူ တမူထူးခြားနေသည်မှာ လူအများအပြားရောက်ရှိနေကြခြင်း။ကျယ်ဝန်းလှသော ခြံအတွင်း၌ ကားအမြောက်အမြားများစွာက နေရာယူထားကာ မြက်ခင်းတွေပေါ်၌ အပန်းဖြေထိုင်ခုံအသီးသီးကလည်း လှပစွာနေရာယူထားကြသည်။
အိမ်တော်အတွင်း၌တော့ မီးထိန်ထိန်လင်းကာ လူတွေကလည်းအပြည့်။လက်ထဲတွင် ရှန်ပိန်တစ်ခွက်စီ ဝိုင်တစ်ခွက်စီဖြင့် လူကြီးလူကောင်းဆန်ဆန်အခမ်းအနားအတိုင်း ဘွားတင်မွေးနေ့ပွဲဟာ ခါတိုင်းလိုပင် ခမ်းနားနေတုန်းပါ။
ဒေါ်လင်းလင်းခက် မှာစီးပွားရေးအသိမိတ်ဆွေတွေနဲ့ စကားပြောရင်း မျက်စိကစားကြည့်မိလိုက်တော့ သမီးဖြစ်သူ လုလုသွေးကိုမတွေ့။တာရာညိုကလည်း ထုံးစံအတိုင်း သူ့သူငယ်ချင်းတွေနှင့် ရေကူးကန်ဘေးမှာ ကောင်မလေးသွားရှိုးနေပြီနှင့်တူပါသည်။
စားသောက်ပွဲတွေနှင့် အိမ်စေမလေးတွေအလုပ်ရှုပ်နေသည့်ကြားက ဗေဒါမှာလည်း မမောနိုင်မပန်းနိုင် လိုအပ်တာရှိရင်ဝင်ကူလုပ်ရသေးသည်။ခါတိုင်းနှစ်ကတော့ နာနာရှိသေးသည်မို့ သူကအကူသဘောလောက်သာပင်။အခုက ဘွားတင်ကအရာအားလုံး ဗေဒါ့ခေါင်းပေါ် လွဲထားသည်မို့ ငြင်းဆန်၍မရစွာ လုပ်ရသည်ပင်။
မွေးနေ့ရှင်ကြီး ဘွားတင်မှာ ဧည့်ခန်းဆိုဖာပေါ်တွင် ကျန်းမာလန်းဆန်းစွာထိုင်လျက် သူ့အသိမိတ်ဆွေတွေနဲ့ စကားလက်ဆုံကျလျက်ရှိသည်။အရင်တုန်းက ခရစ်စတယ်အိမ်တော်က ဘွားတင်လက်ထက်ကတည်းကတည်ဆောက်ခဲ့သည်မို့ တစ်ဦးတည်းရပ်တည်နိုင်သည့် မိန်းမအဖြစ်ဘွားတင်ကို အားလုံးကအထင်ကြီးလေးစားကြသည်။
ဘွားတင်အကြောင်းပြောပြရရင်တော့ သူ့ဘဝကလည်းဆိုးပါသည်။ဘွားတင်ကအိမ်ထောင်နှစ်ဆက်။ချစ်ခဲ့သမျှယောကျာ်းတိုင်းက သူ့အပေါ်မကြင်နာကြသည်မို့ အသည်းနှစ်ခါကွဲခဲ့ရသည်ဆိုသည်။ဒါပေမယ့် ဘွားတင်ကအလွန်ချစ်တတ်သောမိန်းမ၊နောက်ဆုံးအိမ်ထောင်နဲ့တုန်းက မုဆိုးမအဖြစ်ကျန်ရစ်ခဲ့တာတောင် ကတိပေးထားသည်ဆို၍ ထိုမှစကာ မည်သည့်ယောကျာ်းကိုမှလူရာမသွင်းတော့ချေ။အခုချိန်ထိ ဘွားတင်အခန်းထဲတွင် သူ့အချစ်ဆုံးယောကျာ်း၏ပုံတူပန်းချီကားကို ချိတ်ဆွဲထားကာ တစိမ့်စိမ့်ကြည့်တုန်း။
YOU ARE READING
Kiss it better
Romanceအချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်...