Kiss it better (pt.21)
''ကို..ကို...ကို..မီ့ကိုကြည့်ပါအုန်း၊မသနားဘူးလားဟင်..မီ့ဆီပြန်လာပါနော်''
''မီ.....''
အိတ်ထောင်ထဲလက်ထည့်၊မတ်တပ်ရပ်နေသောသူ့ကို မီကထလာ၍အပြေးလာဖက်သည်။လေးမှာ တွန်းမရထုတ်မရဖြစ်ကာ..ကိုမှိုင်းကိုကြည့်လိုက်တော့ အပြစ်လုပ်ထားသူပမာ မျက်နှာညိုးစွာဖြင့်တစ်ဖက်လွဲထားလေသည်။
''လမ်းခွဲပြီးကတည်းက မင်းကိုအတန်တန်ပြောထားပြီးသားပဲ၊မီ...လေးရှင်ဆက်ဆိုတာက တစ်ခုခုဆုံးဖြတ်ပြီးသွားရင်ပြန်မပြင်တတ်ဘူး..အခုငါကအိမ်ထောင်သည်တစ်ယောက်၊စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေရှိတယ်၊မီ...မင်းနားလည်သင့်ဖို့ကောင်းပြီ''
''ဟင့်အင်း...မီနားမလည်ဘူး၊မီ ကို့ကိုပြန်လိုချင်တာပဲသိတယ်၊နာရီညိုသွေးကြောင့် မီ၊စိတ်ဆင်းရဲခဲ့ရတာ..ကို၊သူ့ကိုချစ်မိသွားလို့မဖြစ်ဘူးနော်...ကြည့်ပါအုန်း သူ၊မီ့ကိုလုပ်သွားတာ...အဟင့်..ဟင့်''
အတန်ကြာတော့ စိတ်မရှည်စွာပင် ရင်ခွင်ထဲမှမီ့ကိုဆွဲထုတ်လိုက်တော့ မျက်ရည်တွေနဲ့အသနားခံကာကြည့်လာသည်။ဒီမျက်လုံးတွေကို လေး၊မသနားနိုင်ပါ။အဆုံးထိဆိုရရင် သူ့ဘာသာသူဘယ်လိုဖြစ်ဖြစ် ဘာခံစားချက်မှမရှိတော့။
စတွဲတုန်းက မီ့ကိုသူတကယ်ချစ်ပေမယ့် မီကလည်းသူလိုပဲဟုထင်ခဲ့သည်။မီ့အကြောင်းအားလုံး သိခဲ့ပြီဟု ထင်ခဲ့သည်။ဒါပေမယ့်..ကြာကြာနေမှပင် မီဟာအရင်လိုမဟုတ်ပဲ ပုံစံတွေပျက်ယွင်းလာသည်။
အထူးသဖြင့် ဗေဒါ့ကိုဒူးထောက်တောင်းပန်ခိုင်းသည့်အကြောင်း၊နာနာကိုပါးချခဲ့သည့်နေ့...ဒီနှစ်ချက်နဲ့တင် စိတ်ပျက်ဖို့လုံလောက်ပြီ။
နှိုင်းယှဥ်ရရင် နာနာဟာမာနကြီးသည်၊ဇွတ်လုပ်သည်။စွာသည်။ဒါပေမယ့်...အခုထက်ထိ သူ့ဘကကစပြီး တစ်ပါးသူအပေါ် လက်ပါခဲ့ခြင်းမရှိသလို၊တစ်ပါးသူအပေါ် စော်ကားပြောဆိုပြီးရိုင်းစိုင်းခဲ့ခြင်းလည်းမရှိပါ။သူနဲ့ပက်သက်၍သာ မီ့ကိုနာနာ ပြောဆိုခဲ့ခြင်းရှိလိမ့်မည်...
YOU ARE READING
Kiss it better
Romanceအချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်...