38

1.7K 38 0
                                    


''ဒီနေ့ညနေရဲ့ နေဝင်ဆည်းဆာက သိပ်လှတာပဲကိုလေးရယ်''

''ခါတိုင်းကော..''

''ဟင့်အင်း ဒီနေ့ပိုလှနေတယ်၊ကျွန်မစိတ်တွေလည်း ပေါ့ပါးနေတယ်၊တစ်ခါတစ်လေကျရင် တစ်ချို့သောအရာတွေကို လွှတ်ချလိုက်တာက အကောင်းဆုံးဖြေဆေးပဲ''

''ဆင်းကြမလား...အပြင်ထွက်လမ်းလျှောက်ကြရအောင်လေ''

ကားပေါ်မှဆင်းဖို့ တွေဝေနေသော နာနာအား တစ်ချက်ကြည့်၍ လေး၊အရင်ဆုံးဆင်းလိုက်သည်။ထို့နောက် သူမဘက်မှ ကားတံခါးကိုဖွင့်ပေးလိုက်၍

''ကိုယ် ကုန်းပိုးပေးရမလား မိန်းမ''

ထိုအခါတော့မငြင်း။ချက်ချင်းပင် ရယ်ကျဲကျဲဖြင့် ခေါင်းငြိမ့်လာကာ သူ့နောက်ကျောပေါ်သို့တက်လာသည်။သူမကိုယ်လေးကို ကုန်းပိုးရင်း မြစ်ကမ်းဘေးတစ်လျှောက် လမ်းလျှောက်ကြစဥ်တွင် နာနာတစ်ယောက် ပျော်ရွှင်မြူးထူးကာနေသည်။

''ကိုလေးရေ...''

''ဗျာ....''

''ကျွန်မကိုဘယ်လောက်ချစ်လဲ''

''အင်း....ဘယ်လိုဖြေရမလဲ''

''ဟာ...ဘယ်လိုဖြေဖြေပေါ့...ရင်ထဲကပါရင်ရပြီ''

''အင်း...ဖြေရရင်တော့ အခုလို နေဝင်ဆည်းဆာအချိန်လိုမျိုးချစ်တယ်''

''ဘယ်လိုကြီးလဲ ရှင်းပြ''

''ဆိုလိုတာက အခုနေမင်းကြီးကိုကြည့်လိုက် သူပျောက်ကွယ်လုနီးပါး ဖြစ်နေတာတာတောင်မှ သူ့ရဲ့ရောင်နီတွေနဲ့ လောကတစ်ခုလုံးကို အလင်းပေးနေသေးတယ်လေ...အဲ့လိုပဲ ကိုယ်က အိုမင်းတဲ့အထိ သေတဲ့အထိတိုင်အောင် ကိုယ့်မိန်းမကို အမြဲချစ်နေမှာ...''

စကားကိုသဘောကျစွာ နာနာက တဟားဟားရယ်၏။ပြီးတော့ နောက်ကျောဘက်မှ သူ့လည်ဂုတ်ကို တစ်ချက်နမ်းကာ

''ကိုလေးကို အဲ့လောက်ပြောတတ်လိမ့်မယ်လို့ မထင်ထားဘူး၊တကယ် ကဗျာဆန်တာပဲ''

''ကြွေသွားပြီမလား...''

''ဟုတ်ပါ့ဟုတ်ပါ့....ဒါနဲ့ ကိုလေး၊ကျွန်မ ဘွားဘွားကိုပြောခဲ့ပြီ ထွက်သွားမယ်ဆိုတဲ့အကြောင်း''

Kiss it betterWhere stories live. Discover now