35

1.6K 32 1
                                    


''ထွန်းဆင့်ရေ..ခဏလောက်''

''ဗျာ...မမ''

အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ငူငူကြီးထိုင်နေသော ဗေဒါကိုကြည့်ပြီး ထွန်းဆင့်ကိုလှမ်းခေါ်သောအခါ အနားသို့ရောက်လာသည်။

''နင့်မမ ဘာဖြစ်နေတာလဲ၊မနက်စာစားကြတုန်းကလည်း ဘာစကားမှလည်းမပြောဘူး၊ကိုမှိုင်းနဲ့လည်း ဘာဖြစ်ထားမှန်းမသိ...တစ်ယောက်တစ်နေရာစီနေနေကြတယ်ရော''

''ဟို....''

ပြောရမလားမပြောရမလား ထွန်းဆင့်စဥ်းစားသည်။နောက်ဆုံးတော့လည်း...မထူးတော့မယ့်အတူတူတော့ ပြောလိုက်ရပါ၏။

''ဟို...မနေ့ညတုန်းက အစ်ကိုမှိုင်းက မူးပြီး မမကိုနမ်းမိသွားကြတာ၊ အခု သူတို့မျက်နှာချင်းမဆိုင်ရဲကြဘူး''

နာနာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။နမ်းမိသွားကြသည်တဲ့လား...

''တကယ်ကြီးလား...တကယ်ကြီးလားထွန်းဆင့်''

အလွန်စိတ်လှုပ်ရှားစွာဖြင့် ထွန်းဆင့်လက်မောင်းကို လှုပ်ကိုင်ရမ်းမိချိန်တွင် ကိုလေးက အနားရောက်လာကာ ခါးကိုဖက်လာသည်။

''ဘာပြောနေကြတာလဲ''

''အမူးပြေသွားပြီလား...မနက်စောစော သံပုရည်ရည်လေးသောက်လိုက်ရတော့''

''ပြေပါပြီဗျာ...ထွန်းဆင့်နဲ့ဘာပြောနေကြတာလဲ''

''ဒီလိုဗျာ...အစ်ကိုလေး''

ထွန်းဆင့်ပြောပြသည်ကို ကိုလေးကဂရုတစိုက်နားထောင်ကာ အဆုံးသတ်တွင် အံ့သြမှင်သက်စွာဖြင့် နာနာ့ဘက်သို့ကြည့်သည်။

''ဒါကြောင့်ကို...ကိုမှိုင်းအခု အခန်းထဲကနေကိုထွက်မလာဘူး''

''ဟိုမှာ...မိဒါဒါ ကွပ်ပျစ်ပေါ်မှာ ငုတ်တုတ်ကြီး''

''ရှက်နေကြတယ်ထင်တယ်ဗျာ...ဒါပေမယ့် အတွဲတွေပဲလေ အဲ့လောက်ရှက်စရာလိုလို့လားဗျ၊''

''အော်...ထွန်းဆင့်မြင်သွားလို့ ပိုရှက်သွားတာနေမှာပေါ့''

''ဟဲဟဲ...ဟုတ်မယ်ဗျာ့''

ရယ်ကျဲကျဲဖြင့် ထွန်းဆင့်ထွက်သွားသောအခါ ကိုလေးနှင့်သူမ အကြည့်ချင်းစုံမိကြလေသည်။

Kiss it betterWhere stories live. Discover now