30

1.7K 39 0
                                    


နားထဲတွင် အသံဗလံအချို့ကြားနေရသည်။အရမ်းကြီးဆူညံနေတာမျိုးတော့မဟုတ်။ခပ်တိုးတိုး စကားပြောသံများ..ဒါပေမယ့် အရမ်းကို ရင်းနှီးနေလွန်းသည့် အသံတွေ။မျက်လုံးတွေကို ဖွင့်ကြည့်ဖို့ကြိုးစားတော့ တော်ရုံနဲ့ပွင့်မလာပါ။

အတန်ကြာမှ ဖွင့်လို့ရကာ မြင်လိုက်ရသည့် ပထမဆုံးအရာက မျက်နှာကြက်။အသိဝင်လာသည်နှင့်အညီ မျက်နှာဆီက တင်းရင်းနာကျင်မှု၊တစ်ကိုယ်လုံး၏ နာကျင်မှုကို ခံစားရသည်။

ဒါဆို သူမ၊မသေသေးဘူးပဲ။လက်တွေဘာတွေ လှုပ်ဖို့ကြိုးစားတော့ ညာဘက်လက်က တစ်ခုခုနဲ့စီးထားသလို လုံးဝလှုပ်မရပါ။

''အာ့...''

ခေါင်းလေးနည်းနည်းရွေ့လိုက်သည်ကို နာကျင်မှုက မတတ်သာလှ။

သူမအသံကြားတော့ ဘယ်ကမှန်းပေါ်လာသော ကိုလေးက အံ့သြမှုတွေနဲ့ ကြည့်လာခဲ့သည်။

''နိုး..နိုးလာပြီလား နာနာ...''

''အင်း....''

ခေါင်းတွေကိုက်နေသည်။အာရုံတွေထွေပြားဆဲ...

နဖူးပြင်ပေါ်တင်နေသည့် ဆံနွယ်တွေကို ဖယ်ရှားပေးလာသော ကိုလေးက သွားပေါ်အောင်ပင် ပြုံး၍လာသည်။

''ဘာလို့အဲ့လောက်ပြုံးနေတာလဲ''

''ပြုံးချင်လို့ပေါ့...ဒီမျက်လုံးတွေကို နောက်တစ်ခါပြန်မမြင်ရတော့ဘူးထင်နေတာ''

''နာရီညိုသွေးပါ..ကိုလေးရယ်၊ ဖြစ်စရာလား...''

''အဟက်...နိုးလာတာနဲ့ကို ပြောနေပြီနော်''

သူမပြုံးမိလိုက်ကာ ထဖို့ကြိုးစားတော့ ဘယ်လိုမှမရပါ။နာလိုက်တာ ဆိုတာလေ..

''ထလို့မရသေးဘူး နာနာ၊လောလောဆယ် ဒီတိုင်းလဲနေအုန်း...လိုအပ်တာရှိရင် ကိုယ်ရှိတယ် စိတ်မပူနဲ့''

နဖူးပေါ်သို့ ပူနွေးသည့် အနမ်းတစ်ခုက ကျရောက်လာသည်။ရင်တစ်ခုလုံးကို နွေးထွေးသွားသလိုပင်။ကိုလေး..ထိုကဲ့သို့နမ်းလျှင် သိပ်သဘောကျသည်။

''တစ်ညလုံးစောင့်ပေးနေတာလား''

''ကိုယ်က မင်းယောကျာ်းပါ နာနာ၊ ကိုယ်မစောင့်ရင် ဘယ်သူစောင့်မလည်း''

Kiss it betterWhere stories live. Discover now