4

1.7K 38 0
                                    

''မီ ဘယ်လိုရောက်လာတာလဲ''

''ကိုမှိုင်းကို ဖုန်းဆက်မေးပြီးလာခဲ့လိုက်တာ၊ကို အလုပ်ရှုပ်နေတယ်ဆို''

''အင်း နည်းနည်းပေါ့''

ကွန်ပြူတာကိုပိတ်၍ လေး ထိုင်နေရာမှထကာ ခနအကြောဆန့်လိုက်သည်။သူ့ကွန်ဒိုခန်းက မီဝင်ထွက်နေကြဖြစ်၍ မီကအလိုက်သင့်ပင် အသင့်ဝယ်လာသည့် ဖျော်ရည်ဘူးအား ခွက်ထဲထည့်၍ သူ့ထံယူလာပေးသည်။

''ကျေးဇူးပဲနော်''

''မလိုတာတွေပြောပြန်ပြီ''

သူ့ရင်ဘတ်ကိုမီက ခပ်ဖွဖွလေးတစ်ချက်ထုသွားကာ ဆိုဖာပေါ်တွင် ဝင်ထိုင်၏။အမြဲလိုလို ဆံပင်ချည်ထားတတ်သော မီက ဒီနေ့တော့ ဆံပင်တွေကိုချထား၍ ပန်းနုရောင်ဂါဝန်လေးဖြင့် လှပနေသည်။

ခွက်ကိုစားပွဲပေါ် တင်ထားလိုက်၍ မီဘေးနား၌သူဝင်ထိုင်လိုက်ကာ လက်လေးတွေကိုဆွဲယူလိုက်တော့ မီက ပြုံးကြည့်လာ၏။ချစ်စရာကောင်းလိုက်သည့် အပြုံးပါပေ။

''ဒီနေ့ မီသိပ်လှနေတယ်၊အပြင်သွားခဲ့တာလား''

''မဟုတ်ပါဘူး ကိုရဲ့၊အလုပ်ပြီးတာနဲ့ရေမိုးချိုးပြီး ကို့ဆီတန်းလာခဲ့တာ''

''နောက်နှစ်ရက်လောက်ဆိုရင်တော့ ကိုယ်တကယ်အားပါပြီ..အဲ့ကျရင်တော့ ကိုယ်တို့အတိုးချပြီးလျှောက်လည်ကြမယ်''

''ဟုတ်ပါပြီ...ဒါနဲ့ကို..နာရီညိုသွေးနဲ့တွေ့ပြီးပြီလား...သူဘာပြောသေးလဲ''

နာနာအကြောင်းစလာတာနှင့်ပင် လေးခေါင်းကိုက်ချင်လာသည်။မပြောပဲထားရအောင်ကလည်း မီ့အကျင့်အရ မရမကအတင်းလိုက်မေးအုန်းမည်။မည်သို့ပင်ဆိုစေ နာနာကြောင့်နှင့်တော့ မီ့ကိုခေါင်းရှုပ်မခံစေချင်ပေ။

''ကိုယ့်ကိုယုံတယ်မလား မီ၊နာနာကို ကိုယ်ဖြေရှင်းလိုက်ပါမယ် မီစိတ်မပူနဲ့နော်''

''ဘယ်လိုဖြစ်လို့စိတ်မပူရမှာလည်း ဘလိုင်းကြီးမီ့ကို လာစိန်ခေါ်သွားတာ သူ့ကြည့်ရတာက နောက်နေပုံမဟုတ်ဘူးကိုရဲ့....သူ့ရဲ့အုပ်ထိန်းသူကို ပြောခိုင်းလို့မရဘူးလား နောက် ကို့ကိုလာမပက်သက်ခိုင်းဖို့''

Kiss it betterWhere stories live. Discover now