39

5.5K 73 4
                                    


''ဘယ်လိုဘယ်လို...နင်တို့...သေချာစဥ်းစားထားကြပြီလား''

''အေး...သေချာစဥ်းစားပြီးသွားပြီ၊နင်ကတော့ ဒီမှာပဲနေပြီး ငါ့ဆိုင်ကိုကြည့်ထားပေးပေါ့...ပြီးတော့ ဘွားဘွားကိုရော''

''နင့်ဟာကလည်း ချက်ချင်းကြီးပါလား၊ပြန်စဥ်းစားအုန်းဟယ်''

''ဟင့်အင်း အထပ်ထပ်အခါခါစဥ်းစားပြီးသွားပြီ...ပြီးတော့ ငါကြားလာတာတစ်ခုက ဦးလေးငွေရဲ့မိန်းမက ယင်းမမီရဲ့အမေတဲ့ နင်ပြောကြည့် အဲ့အိမ်မှာ ငါဘယ်လိုမျက်နှာနဲ့ ဆက်ရှိနေရမလည်း...သူတို့ကိုတွေ့ကိုမတွေ့ချင်ဘူး ဒါကြောင့်ငါ ထွက်သွားမှရမယ်''

အိပ်ရာပေါ်တွင် နာနာကပက်လက်အနေအထားဖြင့် မျက်နှာကြက်ကိုငေးကာ ပြောနေသည်။နာနာ့စကားတွေကို တအံ့တသြဖြင့် နားထောင်နေသူ ဗေဒါကတော့ ဘေးနား၌မှောက်ခုံအနေအထားဖြင့်။

''နာနာရယ်...ငါ့ကိုပြန်တွေးကြည့်ပါအုန်း ငါ့ကိုတစ်ယောက်ထဲချန်ခဲ့တော့မလို့လား''

''အောင်မာ ဘာတစ်ယောက်ထဲလဲ၊နင့် ကိုမှိုင်းတစ်ယောက်လုံးကြီး ရှိနေတာကိုများ..မကြာခင်နင်လည်း နင့်ဘဝနဲ့နင်သွားမှာလေ''

''ဒါပေမယ့်လည်း....''

''ဘာမှ မဒါပေမယ့်ဘူး...ငါသွားကိုသွားမှာ..ဒီအခြေအနေတွေကြောင့် သေခါနီးလည်း ဖြစ်ခဲ့ပြီးပြီ၊ကျန်တဲ့ငါ့ဘဝကိုတော့ ကိုလေးနဲ့ပဲအတူကုန်ဆုံးချင်တော့တယ်''

နာနာ ဗေဒါ့ဘက်ကြည့်လိုက်သောအခါ ဗေဒါက သက်ပြင်းအသာချပြီး ထထိုင်လိုက်၏။

''ကောင်းပါပြီ...ဒါဆိုနင်တို့ ဘယ်တော့လောက်သွားကြမှာလဲ''

''နောက်လလောက်နေရင် အခုငါ့လက်တွေက အတော်လေးပြန်အဆင်ပြေလာပါပြီ..ကိုလေးကိုလည်း လုပ်ခိုင်းနေရတာ အတော်အားနာလာပြီ''

''ဘာအားနာတာလဲ နင့်ယောကျာ်းပဲဟာ၊သူလုပ်ပေးရမှာပေါ့''

''ဟုတ်တော့ဟုတ်ပါတယ်...ငါကိုက ကိုလေးအပေါ် အနိုင်ကျင့်သလိုများဖြစ်နေပြီလားထင်မိလို့''

''နင်ဟာလေ တကယ် လင်ထိပ်ထားစံ သိလား လင်ထိပ်ထား စံတာကိုမှ တကယ့်ပရို''

Kiss it betterWhere stories live. Discover now