''လေးရဲ့ ဘေးနားကတစ်ယောက်ကဘယ်သူလဲ ၊စတိုင်ပန် အညိုဝတ်ထားတဲ့တစ်ယောက်လေ''
''ဟဲ့ ချောသားနော်''
''သူ့မိန်းမလေ''
''ဟမ်!''
နှစ်ယောက်လုံးရဲ့ တစ်ပြိုင်နက်တည်း တုံ့ပြန်မှုစွမ်းအားက တကယ် လန့်စရာပါ။မှိုင်းက ခပ်ပြုံးပြုံးဖြင့်ဆိုလိုက်ကာ သူတို့ထံမှ လှည့်ထွက်ဖို့လုပ်တော့
''နေဦး..နေဦး၊မှိုင်း...ပြန်ပြော''
''သူ့မိန်းမဟုတ်လား..သူဘယ်တုန်းက မိန်းမရသွားတာလဲ''
''နှစ်လကျော်ပြီထင်တယ်...အင်း သုံးလနီးပါးပေါ့''
''ဘုရား..ဘုရား..တကယ်ပဲလား''
ဟိုဘက်ဝိုင်းတွင် သူ့မိန်းမလက်ကို ဆွဲကိုင်ထားပြီး ဝိုင်သောက်နေပုံက တကယ့်ကို ကြွေချင်စရာကြီးပါ။သူတို့သူငယ်ချင်းအုပ်စုက ဒီဘက်ဝိုင်းမှနေ၍ လေးတို့ကို မယုံနိုင်စွာ ကြည့်နေမိကြပါသည်။
မှိုင်းက ဘွားတင်တို့ဝိုင်းဘက်ဆီကူးလာရင်းက လက်ထဲတွင် အသီးဗန်းကိုယူလာပြီး စားပွဲပေါ်သို့ ချပေးလိုက်သည်။
''အခုမှ လတ်လတ်ဆတ်ဆတ်နွှာထားတာ၊စားကြ..''
''ဟိုဘက်ကိုရော ချပေးပြီးပြီလား''
''ချပြီးပြီ ဘွားတင်...စားရတာ အဆင်ပြေတယ်မဟုတ်လား''
''ပြေပါ့...လက်ရာကပြောင်းမှမပြောင်းပဲ တို့မှိုင်းတို့များ သိပ်တော်တာ''
ဘွားတင်ကတော့ တကယ်ကို မြှေက်ပင့်တော်လှပါသည်။ အားလုံးက ပြုံးစိစိဖြစ်သွားကြကာ ဗေဒါဆီသို့ အကြည့်ရောက်ကြတော့
''ဟုတ်တယ်မလား..ဒါဒါလေး''
''ရှင်...ဟင်...အော်...ဘာကြီးလဲဘွားတင်''
''အော်...မှိုင်း တော်တယ်မလားလို့မေးတာ''
သူမကသူ့ဘက်သို့ကြည့်လာကာ အူကြောင်ကြောင်ဖြင့်
''အော်..တော်ပါတယ်၊သူ့ဟာသူပေါ့''
''နင်ကလည်း..တော်ရင်တော်တယ်ပေါ့''
်က
''အဲ့လိုပြောနေတာပဲလေ''
''ကဲ..ကဲ..ဒီလိုလုပ်ကြ၊ဒီနေ့ မှိုင်းသူငယ်ချင်းတွေလည်း ပါကြတယ်ဆိုတော့ မင်းတို့တွေ ဟိုဘက်ကူးလိုက်ကြ၊ဘွားတင်ကတော့ ခဏနေပြီးရင် ပြန်တော့မယ်''
YOU ARE READING
Kiss it better
Romanceအချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်...