တည်းခိုဆောင်တွင် တစ်ညအိပ်ပြီးနောက် ခရီးဆက်ခဲ့ကြရာတွင် ညနေလေးနာရီထိုးမှ ဗေဒါတို့ရှာကိုရောကျသညျ။ရှာအဝငျလမျးက သာယာလှပါ၏။ဖုန်တထောင်းထောင်းထသည်မှ လွဲ၍ ရွာဝင်လမ်းတစ်လျှောက် ထန်းပင်ကြီးတွေဖြင့် အညာဒေသ၏ ပုံစံကိုဖော်ပြပေးနေလေပြီ။
နေကတော့ အတော်လေးပူ၏။ဗေဒါတို့လာမည် ဆိုသဖြင့် ရွာထဲအဝင် ဘုန်းကြီးကျောင်းပေါက်ဝတွင် ဗေဒါ့ပထွေးတော်သူနှင့် မောင်လေးဖြစ်သူက ကြိုစောင့်နေကြသည်။ရွာသူရွာသားအချို့ကလည်း ပါလာကာ ကားနှစ်စီးတန်းရပ်လိုက်၍ ကားပေါ်က ဗေဒါဆင်းလိုက်ချိန်တွင်
''ဟော...ဒါဒါလေး၊ဘကြီးတို့က ကြိုစောင့်နေကြတာ ကြာတော့ကြာပြီသိလား''
ဗေဒါက ပြုံးပြ၍ ဘကြီးရဲ့သား ထွန်းဆင့်ကိုပါ ထပ်၍ပြုံးပြလိုက်သည်။
ကားပေါ်မှ ကိုမှိုင်းတို့ရော နာနာတို့ပါ ဆင်းလာကြချိန်တွင်
''ကဲ..ကဲ..အထုတ်တွေဘယ်မလည်း ဘကြီးတို့ဝိုင်းသယ်မယ် ငါ့ကောင်တို့ရေ ကူကြပါအုန်းကွာ''
ဘကြီးကပြောပြီးတာနှင့် ဖွင့်လျက်သား ကားနောက်ဖုံးထဲမှ အထုတ်တွေကို သူ့သူငယ်ချင်းတွေနဲ့အတူ သယ်ကူသည်။အထုတ်တွေက များများစားစားတော့သိပ်မပါ။
လေးနှင့်မှိုင်းပါ သူတို့သယ်ပါမည်ဆိုသော်လည်း ဘကြီးက ခေါင်းခါငြင်းသည်။
''ရတယ် ငါ့တူတို့၊ဧည့်သည်တွေလာတာ အိမ်ရှင်တွေက ဧည့်ဝတ်ကြေရမှာပေါ့ကွ...ဘာမှအားမနာနဲ့ ဒါဒါ့ သူငယ်ချင်းတွေဆို ပိုပြီး ကူရမှာပေါ့ မဟုတ်လား''
ရယ်ကျဲကျဲဖြင့် ပြောနေသော ဘကြီးကိုကြည့်ပြီး အားလုံးကပြုံးမိလိုက်ကြသည်။
''တို့ဘကြီးတော့ သောက်ထားပြန်ပြီမဟုတ်လား''
''ဟဲဟဲ...နှစ်ပက်လောက်ပါပဲ ငါ့တူမရယ်၊စိတ်ချပါ ဘကြီးကမူးပြီးရင် မရစ်တတ်ဘူး အေးဆေးလေး ခွေအိပ်တဲ့အမျိုး''
''မယုံနဲ့နော် မမ၊အဖေများ...ဟိုတစ်လောက မူးမူးနဲ့သူများအိမ်က ကြက်သွားခိုးလို့ သူကြီးအိမ်ရောက်ပြီးပြီ''
YOU ARE READING
Kiss it better
Romanceအချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်...