ကို့အတွက် သီးသန့်မှာထားသော ပန်းစီးလက်ဆောင်လေးကို မီ သတိရနဲ့ပင် ဆိုင်သိမ်းပြီးတာနဲ့ ဝင်ယူရန် စိတ်ကူးထားလိုက်၏။ဘာရယ်တော့ မဟုတ်ပေမယ့် ကိုကမီ့အတွက်ဆို ဘာမဆိုအကုန်လုပ်ပေးခဲ့သည်မို့ ဒီလောက်လေးတောင် မလုပ်ပေးနိုင်ရင်လည်း မဖြစ်သင့်သေးပေ။
မီ့အတွက်တော့ ကိုနဲ့တွေ့ဆုံရသည်မှာ အလွန်ကံကောင်းလွန်းခဲ့ပါသည်။ကိုက ရုပ်လည်းချောသည်။လူကြီးလူကောင်းလည်းဆန်သည်။အပြောအဆိုကနူးညံ့သည်။
ပိုက်ဆံကလည်းရှိဆိုတော့ ဒီလိုပြည့်စုံသော ကောင်လေးမျိုး ရထားသည်မှာ ငြင်းပယ်စရာအကြောင်းမရှိ။ဖြစ်နိုင်ရင် ကို့ကို မဆုံးရှုံးချင်သလို တစ်ခါတည်းပင် လက်ထပ်ချင်သည်။ဒါပေမယ့် ကိုကတော့ အခုထိစကားဟမလာသေး။မနေ့က ပြောကြည့်သောအခါ ကို ဘာစကားမှထွက်မလာခဲ့။
''သမီးရေ...ရာသီဥတုက သိပ်မကောင်းဘူးနော် ဆိုင်စောစောပိတ်ပြီး အိမ်ပြန်လာခဲ့''
အမေပို့ထားသော စာကို မီဖတ်လိုက်ပြီးနောက် အပြင်ဘက်ကရာသီဥတုကို ကြည့်မိတော့ ကောင်းကင်ကြီးက မှိုင်းညို့ကာ လေတွေတအားတိုက်နေသည်။ သူမဆိုင်ပိတ်၍ ထွက်လာချိန်တွင် မိုးတွေရွာချလာကာ ကောင်းကင်ထက်မှ တအုံးအုံးအသံပေးလျက်ရှိ၏။
''ဦးလေးရေ၊ဒီဆိုင်မှာ ခနရပ်ပေးပါနော်''
ကားသမားဦးလေးအား ပန်းဆိုင်ရှေ့၌ရပ်ခိုင်းလိုက်ပြီးနောက် မီဆိုင်ထဲသို့ဝင်လာခဲ့လိုက်၏။
''မှာထားတဲ့ပန်းစီးလေးလာယူတာပါ''
''ဘာနာမည်နဲ့လည်းရှင့်''
''ယင်းမမီဆိုတဲ့နာမည်နဲ့ပါ''
ဝန်ထမ်းမလေးက မီ့အားတစ်ချက်ကြည့်ကာ မှာထားသော ပန်းစီးအားယူလာပေးသည်။ငွေရှင်းသောအခါ ဈေးကသိပ်နိမ့်နေ၍ ခနတော့ကြောင်မိသွားသော်လည်း ခပ်မြန်မြန်ပင်ဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။
ကိုပြောဖူးသည့် မီဟာ နှင်းဆီဖြူတွေနှင့်တူသော စကားကို မီသိပ်သဘောကျသောကြောင့် ကို့ကိုပန်းစီအားလည်း နှင်းဆီဖြူတွေနှင့်သာ အလှဆုံးပြင်ဆင်ပေးထားလိုက်သည်။
ကားပေါ်သို့တက်ကာ စာလွှာလေးအား ဖွင့်ဖတ်မိတော့ မျက်နှာပေါ်ကအပြုံးတွေက ပျောက်ကွယ်သွားရသည်။
YOU ARE READING
Kiss it better
Romanceအချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်...