26

1.7K 33 3
                                    


''ဟဲ့..ဟဲ့...နင်ဘယ်သွားမလို့လဲ''

''ခက်သစ်ဆီ...နာနာပြောသွားတယ်လေ၊စွန့်စားကြည့်တဲ့''

အော် ခက်ပါပေသည်။လူကဖြင့် ယိုင်တိုင်တိုင်တောင် ဖြစ်နေရသည့်အထဲ ဗေဒါနဲ့ နွဲ့တို့အတူထိန်းပေးရသည်ကို ခက်သစ်ဆီသွားအုန်းမည်တဲ့။

နွဲ့နဲ့ဗေဒါမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းက

''တို့တွေ ဘယ်လိုလုပ်ကြမတုန်း''

''မြှောက်ပေးလိုက်တဲ့ အမတော်ကပြန်သွားပြီလား မသိဘူး၊ပေါ်ကိုမလာတော့ဘူး''

''ပြန်သွားကြရင် ငါတို့နှစ်ယောက်ထဲ တကယ်သွားပြီနော်...ယုယ ဒီလောက်မူးအောင်ထိ မသောက်ဖူးဘူး''

''နေဦး...ယုယကို မနွဲ့ ထိန်းထားပေးဦး၊ကျွန်မ နာနာကိုဖုန်းခေါ်ကြည့်အုန်းမယ်''

ယုယရဲ့ လက်ကိုလွှတ်လိုက်ကာ ဗေဒါ နာ့နာ့ဆီဖုန်းခေါ်တော့ ဝင်သွားသည်။ဒါပေမယ့် မကိုင်လာခဲ့ပါ။ဘယ်ရောက်သွားကြသည်လဲ...

အတန်ကြာ စဥ်းစားနေရင်းက ဗေဒါထလိုက်ကာ

''ခနလေးနော် မနွဲ့၊အိမ်ရှေ့မှာ ရှိနေကြမလား သွားကြည့်အုန်းမယ်''

မနွဲ့ကခေါင်းငြိမ့်ပြခဲ့သည်။ဗေဒါအိမ်ရှေ့သို့ရောက်လာတော့ တွေးထားသည်ကတကယ်ဖြစ်နေသည်။ဟို လင်မယားနှစ်ယောက်လုံး ပျောက်သွားချေပြီ။ကားလည်းမရှိတော့...

သက်ပြင်းရှည်တစ်ချက် ချလိုက်ရင်းမှ စိတ်ညစ်ရပြန်သည်။ဘယ်လို ပြန်ရပါ့မလိမ့်။

''ဟောဟဲ...ဗေဒါရေ၊နင် လာကြည့်မှဖြစ်မယ်''

အမောတကော ပြေးလာသော မနွဲ့နဲ့အတူ စိတ်လှုပ်ရှားစွာ ဗေဒါလိုက်လာခဲ့တော့ ဒယိမ်းဒယိုင်ကိုယ်နဲ့ ခက်သစ်ကို စကားအကျယ်ကြီးပြောနေတဲ့ ယုယ။

ကျန်တဲ့ယောကျာ်းသားများမှာ ပွဲကြည့်နေသည့်အလား ပြုံးပြုံးကြီး ကြည့်နေကြလျက်ရှိသည်။

မလှမ်းမကမ်း သူမတို့ရပ်နေသည့်ဘက်ကို မှိုင်းကရုတ်တရက် လှည့်ကြည့်လာခဲ့တော့ အကြည့်ချင်းဆုံပြန်သည်။

Kiss it betterWhere stories live. Discover now