29

1.5K 36 4
                                    


အမှုသည်တွေနဲ့ တွေ့ပြီးအပြန်တွင် သတိတဏဖြင့် နာနာကြိုက်တတ်သည့် ကြက်ကြော်နဲ့ ကိုလာကို ဝယ်သွားပေးဖို့ စိတ်ကူးရလိုက်သည်။ထို့ကြောင့် ဆိုင်တစ်ဆိုင်တွင် ကားရပ်လိုက်ကာ ဆင်းဝယ်နေချိန်တွင်

''ကို...ကိုဟုတ်တယ်မလား''

ရင်းနှီးနေဆဲ ယင်းမမီရဲ့အသံကြောင့် သူလှည့်ကြည့်တော့ ပြုံးကြည့်နေသည်။

''တိုက်တိုက်ဆိုင်ဆိုင် မီတို့ပြန်ဆုံကြတာပဲနော်''

စကားကို လျစ်လျူရှုလိုက်ရင်း အရှေ့သို့ပြန်လှည့်ကာ ကြက်ကြော်ထုတ်ကို ယူလိုက်ရင်းက ထွက်သွားဖို့ပြင်တော့ မီက လက်မောင်းတွေကို ဆုပ်ကိုင်လာ၍

''စကားတောင်မပြောချင်တော့ဘူးလား ''

''ပြောစရာမရှိဘူး မီ၊သွားခွင့်ပြုပါဦး''

''မီ့ကို တကယ် မချစ်တော့ဘူးလားဟင်''

ငိုမဲ့မဲ့ မျက်နှာထားက သူ့ရင်ထဲကို ဘယ်လိုခံစားချက်မှမဖြစ်စေခဲ့ပါ။အခုနှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ နာနာရှိနေပြီလေ။

''အေး..မချစ်တော့ဘူး၊''

ဘယ်လိုကျန်ရစ်ခဲ့သလဲတော့ မသိပါ။သူကားပေါ်တက်ပြီး အရှိန်တင်မောင်းထွက်ခဲ့လိုက်ချိန်တွင် ယင်းမမီ ထိုနေရာ၌ သူ့ကိုကြည့်နေတုန်းဆဲ ဆိုတာ ခံစားရပါသည်။

ဘာကြောင့်ရယ်မသိ။အိမ်ကိုစောစောပြန်ရောက်ချင်နေပြီး နာနာ့မျက်နှာလေးကို တွေ့ချင်လှပြီ။ရင်ခွင်ထဲခေါင်းတိုးဝင်ချင်လှပြီ။

အချိန်ကိုကြည့်တော့ နေ့လည်၂နာရီခွဲ။ဒါဆို ဆိုင်မှာပဲ ရှိနေအုန်းမလား။

မနက်ကတော့ ဆေးရုံသို့ပို့ထားပေးပြီးနောက် ဗေဒါနဲ့ ဆေးရုံမှာပဲရှိနေမည်လား။

မထူးတာနှင့်ပင် ကားမောင်းရင်း ဖုန်းဆက်ဖို့ပြင်လိုက်၍ အတန်ကြာသည်အထိ ဖုန်းမကိုင်လာပါ။

ဘာလို့ မကိုင်ရတာပါလိမ့်...။စိတ်ထဲ၌ တစ်ခုခုတော့ ဖြစ်သွားကာ မျက်ခုံးတွေပါ တွန့်ချိုးထားမိသည်။

လေးခါ..ငါးခါ..ဆက်တိုက်ဆက်သည်။ ဖုန်းကမကိုင်...ခြောက်ခါမြောက်တွင်တော့ ကိုင်လာကာ

Kiss it betterWhere stories live. Discover now