31

1.7K 33 0
                                    


အချိန်တွေ ဘယ်လိုကုန်သွားခဲ့သလဲမသိပါ။ဆေားရုံကဆင်းပြီးနောက်တွင် အိမ်ထဲမှာပင်နေဖြစ်ကာ ကိုလေးနဲ့အတူ အချိန်တွေကုန်ဖြစ်ကြသည်။ဘွားဘွားတို့ဆီလည်းမသွား၊ တစ်ခုခုစားချင်သည်ဆိုရင်တောင် ကိုလေးနဲ့ပဲမှာလိုက်ကာ အိမ်ထဲကနေကို မထွက်ဖြစ်တော့ပေ။

အဲ့တာလည်း တစ်မျိုးကောင်းပါသည်။ကိုယ့်ကိုယ်လည်း အချိန်ပြန်ပေးဖြစ်၊ဘေးနားမှာကိုလေးလည်း ရှိနေတော့ အထီးမကျန်ရပါလေ။

ဒါပေမယ့်..အခုထိတော့၊ညာဘက်လက်တစ်ဖက်က ပက်တီးစီးထားရကာ လက်သေကြီးလိုပင်။

ဘယ်လက်ကလည်း မသန်တော့ ထမင်းစားရင်တောင် ကိုလေး ခွံကျွေးမှသာစားရသည်။

ကိုလေးကဘာတစ်ခုမှမလုပ်ခိုင်း။သန့်ရှင်းရေး ချက်ပြုတ်တာကအစ အိမ်သာသွားသည်အထိ သူပဲအစအဆုံးလိုက်လုပ်ပေးသည်။ တစ်လပင်ကျော်လာတော့ နဂိုကတိုင်ပင်ထားသည့် ဗေဒါတို့ရွာဆီ သွားဖို့ရက်က နီးသထက်နီးလာခဲ့လေပြီ။

အိပ်ရာပေါ်တွင်လဲလျောင်းနေရင်း သုံးစားမရသည့်လက်ကို ဗိုက်ပေါ်တင်ထားကာ တီဗီကြည့်နေရင်းက

''မိန်းမရေ ညစာအဆင်သင့်ဖြစ်ပါပြီခင်ဗျာ့''

''ဟား...ဟား..မိန်းမရေတဲ့''

ရယ်နေမိစဥ်အတွင်း ကိုလေးက တစ်ကိုယ်လုံးကို ပွေ့ချီသွားကာ အခန်းပြင်ဘက်က ဆိုဖာပေါ်တွင်ချပေးသည်။စားစရာတွေက စားပွဲပေါ်အပြည့်....

''ဝါး...ကိုလေးအရမ်းတော်''

လက်မထောင်ပြတော့ မျက်စိတစ်ဖက်မှိတ်ပြလာခဲ့သေးသည်။ရေတစ်ခွက်ကို ယူလာကာ စားပွဲပေါ်တင်၍ အသင့်ခူးထားပေးသည့် ထမင်းကို ကိုလေးက စိတ်ရှည်လက်ရှည် ခွံကျွေးသည်။

''ဖြေးဖြေးစားနော်...ပူတော့ပူမယ်၊''

''ကိုလေးရော မစားဘူးလား''

''ကိုယ်မစားသေးဘူး၊ ထမင်းစားပြီး ခဏနားနားပြီးရင် ရေချိုးမယ်မလား...ကိုယ် ရေနွေးစပ်ထားပေးမယ် ညနေစောင်းဆိုတော့ ရေအေးနဲ့ချိုးရင် အအေးပက်လိမ့်မယ်''

နာနာ ပြုံးလိုက်ကာပင်

''ကိုလေး....တကယ်လို့ လက်ကောင်းသွားရင်ရော၊ဒီလိုတွေလုပ်ပေးအုန်းမှာလား''

Kiss it betterWhere stories live. Discover now