5

1.6K 39 0
                                    

''နိုးလာပြီလား...နာနာ''

ကြည်လင်ပြတ်သားသော ဘွားဘွား၏အသံက သူမနားထဲသို့ ဝင်လာသော်လည်း သူမခေါင်းထောင်လို့မရသေးပေ။မနေ့ကသောက်ထားသည့် အရှိန်က အခုထိမူးနောက်နောက်နှင့် နေရခက်သည်။
သူမအိမ်ဘယ်လိုပြန်ရောက်လာသည်ကိုပင် မမှတ်မိတော့။

''ကြည့်စမ်း...အရက်နာကျနေပြီဒီကောင်မလေး၊စကားတောင်မပြောနိုင်ဘူး''

ဘွားဘွားကပြောရင်း သူမနဖူးပေါ်သို့ လက်ဖြင့်တစ်ချက်တောက်ချ၏။

''အား...နာတယ် ဘွားဘွားရဲ့''

နဖူးပြင်ကိုပွတ်ရင်း လဲနေရာမှထလိုက်ကာ

''ညကဘယ်လိုအိမ်ပြန်ရောက်လာလည်း မှတ်မိလား''

''မသိတော့ဘူး ဘာမှမမှတ်မိတော့ဘူး''

''ဘားသွားပြီး ဘယ်လောက်သောက်ခဲ့တာလည်း သမီးရဲ့''

''ဆိုဂျူနှစ်ပုလင်းပဲမှတ်မိတယ်..ပြီးတော့..ကိုလေးဆီ..သွား....''

ထိုနေရာ၌စကားတစ်သွားတော့ ဘွားဘွားကပြုံးကြည့်ရင်းနှင့်

''ကိုလေးဆီသွားပြီးပြန်လာတော့ သမီးအိမ်ပြန်ရောက်လာတယ် အိမ်မှာဘယ်လိုသောင်းကျန်းခဲ့လည်း သတိရလား''

ဘာဆိုဘာမှသူမမှတ်မိတော့။အချိန်ခနအတွင်း ပြန်စဥ်းစားကြည့်မိတာတောင် ကိုလေးဆီသွားပြီး သူမငိုပြီးပြန်လာခဲ့သည်ပဲသိသည်။အဲ့နောက်ပိုင်း သူမဘာတွေလုပ်ခဲ့မိတာပါလိမ့်...

''သမီး ဘယ်လိုသောင်းကျန်းတာလည်း ဘွားဘွား''

''ကားပေါ်ကဆင်းလာတာနဲ့ ငိုတာငိုတာ လေးရှင်ဆက် လေးရှင်ဆက်ဆိုပြီးတော့ကို အော်ငိုတာ...ဘွားဘွားဖြင့် ဘာများဖြစ်တာလည်းဆိုပြီး ဆင်းလာကြည့်ရတယ်၊တော်သေးတာပေါ့ ဟိုသားအမိတွေ မရှိကြလို့ နို့မို့ရင် သမီးကိုပြောဖို့အပြစ်ရှာနေအုန်းမှာ...ဒါနဲ့ပြောစမ်းပါဦး လေး ဆီသွားပြီးဘာဖြစ်ခဲ့တာလဲ''

''မသိတော့ပါဘူး ဘွားဘွားရယ်၊''

''သူသမီးကို တစ်ခုခုပြောခဲ့တာနဲ့တူတယ်၊မဟုတ်ရင် ကလေးတစ်ယောက်လို အော်ငိုနေမလား...သမီးရယ်၊ဘာလို့များ စိတ်ပင်ပန်းခံနေသေးလဲ''

Kiss it betterWhere stories live. Discover now