Kiss it better(pt.17)
''Morning..ကိုလေး''
''ဘယ်အချိန်ကတည်းကနိုးနေတာလဲ''
ရေချိုးအဝတ်အစားလဲပြင်ဆင်ပြီး..သူထွက်လာတော့..ဆံပင်တွေကိုမြင့်မြင့်ချည်ထား၍ စတိုင်လိအနက်ရောင်နဲ့ ရှပ်အနက်ကိုတွဲဝတ်ဆင်ထားသည့်သူမက သန့်ရှင်းကျော့မော့ကာနေသည်။သူ့ဘက်ကိုတစိချက်လှည့်ကြည့်ပြီးကာပင်
''နိုးတာကြာပြီ...ကိုလေးအတွက်ပေါင်မုန့်နဲ့ကော်ဖီလုပ်ပေးနေတာ၊မှတ်မိပါသေးတယ်..ကိုလေးကဘိုစာသိပ်ကြိုက်တတ်တဲ့သူလေ..ကျောင်းသွားတိုင်း အမြဲကော်ဖီနဲ့ပေါင်မုန့်''
''အထူးအဆန်းပါလား..''
နာနာပုံစံကိုလေး၊စိတ်တွေပေါ့ပါးလန်းဆန်းစွာ ဘေးနား၌ဝင်ရပ်တော့ သူ့မျက်နှာကိုတစ်ချက်ပြုံးကြည့်လာသည်။ကဲ..မနက်စောစော အပြုံးချိုချိုဖြင့်ဆွဲဆောင်နေပြန်ပါပြီလေ။
''မနေ့က ကိုလေးကကျွန်မကိုအချိနိပေးထားတော့၊ဒီနေ့တော့ ကိုလေးဘေးမှာနေပြီးလိုအပ်တာတွေလုပ်ပေးမလို့...အပေးအယူဆိုတာဒီလိုပဲလေ..အချစ်ရဲ့''
ဟန်မဆောင်နိုင်စွာ လေး၊ပြုံးမိကာပင် သူမပါးလေးကိုတစ်ချက်ဆွဲညစ်လိုက်ပြီး
''စကားတွေတတ်လှချည်လား...''
''တတ်ဆို...ကိုလေးပဲပြောတာလေ၊မှတ်မိသေးလား..အချစ်ရဲ့ဆိုတာပိုလာတာပဲရှိတာပါ''
''အေးပေါ့...မင်းသာလိမ်မာရင်ငါကဖြစ်ချင်တာတွေအကုန်လုပ်ပေးမှာပါ၊အားလုံးမင်းအပေါ်ပဲမူတည်တယ်''
''ဒီတလော..ကျွန်မလိမ်မာလာတယ်မဟုတ်လား၊အပြင်မထွက်နဲ့ဆိုမထွက်ဘူး...ကိုလေးသဘောအတိုင်းပဲ၊နောက်ကိုလည်း..ဒီလိုလေးပဲချစ်ချစ်ခင်ခင်နေရအောင်လေနော့်...ဒါဆို..ဘွားတင်လည်းစိတ်ချမ်းသာမှာသိလား''
ကော်ဖီခွက်ကိုသူ့လက်ထဲထည့်ပေးကာ ပေါင်မုန့်ပန်းကန်ကိုသူမကကိုင်လာပြီး ဆိုဖာပေါ်၌ဘေးချင်းကပ် ထိုင်စေလေသည်။ကော်ဖီတစ်ကျိုက်ကို မော့သောက်လိုက်ရင်းက သူ့ကိုပြုံးကြည့်နေသည့်သူမကိုပြန်ကြည့်တော့
YOU ARE READING
Kiss it better
Romanceအချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်...