15

1.8K 34 5
                                    


Kiss it better(pt.15)

''ရော..ဘွားတင်မရှိထားဘူးကွဲ့၊ဗေဒါနဲ့အပြင်သွားလိုက်တယ်''

ဘွားတင်အခန်းထဲမှထွက်လာသော ဒေါ်ဆန်းစကားကြောင့် ခြေတစ်လှမ်းနောက်ဆုတ်မိကာ

''သွားတာကြာပြီလား''

''အင်း..ညနေကျမှပြန်ရောက်ဖြစ်ကြမယ်ထင်တယ်''

တွေ့ချင်ကာမှမတွေ့ရတော့လည်း စိတ်လေးညိုးကာ နာနာ၊နှုတ်ခမ်းကိုက်မိလိုက်သည်။အပေါ်ထပ်ဝရန်တာမှတစ်ဆင့် အောက်ထပ်ကိုလှမ်းကြည့်လိုက်သောအခါ ဆိုဖာပေါ်တွင် ဖုန်းထိုင်ကြည့်နေသောကိုလေး။ဒီနေ့မတွေ့ရတော့လည်း နောက်နေ့တွေ့တာပေါ့ဟု ဆုံးဖြတ်ကာပင် သူမဆင်းလာခဲ့လိုက်တော့...

''ဟော..ကိုလေး၊ရောက်နေတာပဲ..ဘာလည်းအိမ်မှာနေရတာမပျော်လို့လား''

ကြားရသည့်အသံကလုလုသွေးအသံ။ခြေလှမ်းတွေရပ်တန့်သွားရကာ စကားတွေကိုဆက်နားထောင်နေလိုက်တော့

''အိမ်မှာနေရတာကောင်းပါတယ်...အခုကနာနာကို ဘွားတင်ဆီလိုက်ပို့ပေးတာ''

''သူလည်းပါလာတယ်ပေါ့''

လုလုကနှုတ်ခမ်းမဲ့ကာပင်

''သူဘယ်လိုစိတ်နဲ့ရှင်သန်နေလည်းသိချင်ပါရဲ့၊ကိုလေး..သူ့ကိုမမုန်းဘူးလား၊ဒီလိုတွေဖြစ်ပျက်ခဲ့တာတောင်မှလေ''

''ပြန်ပြင်လို့မှမရတာပဲ''

''ရပါတယ်..လွယ်လွယ်လေးပါ၊တစ်နှစ်မပြည့်ခင်ပြန်ကွာရှင်းလိုက်ပေါ့ ကိုလေးမှသူ့ကိုမချစ်တဲ့ဟာ၊အဲ့လိုမိန်းမမျိုးကိုပညာကောင်းကောင်းပေးသင့်တယ်''

ပါးစောင်ကိုလျှာဖြင့်သပ်ကာဖုန်းကိုစားပွဲပေါ်ဆောင့်ချလိုက်တော့ လုလုသွေးပါးစပ်ပိတ်သွားသည်။လေး..နာနာ့အပေါ်ရက်စက်ချင်ရက်စက်မည်။စကားအကောင်းပြောချင်မှပြောမည်။မုန်းချင်မုန်းမည်။ဒါတွေကိုဘေးလူပြောစရာမလို။အဲ့လိုလုပ်ပိုင်ခွင့်တွေကလည်း သူတစ်ယောက်ထဲအတွက်သာ။ပညာပေးတာမပေးတာဆိုတာလည်း သူပြောရမည့်စကား။

အခုလို လုလုသွေးပါးစပ်ကပြောထွက်လာတဲ့စကားကြောင့် လေး၊ထောင်းကနဲဒေါသထွက်ရသည်။

Kiss it betterWhere stories live. Discover now