''အဲ့လောက်ထိကတော့ မီ လွန်တာပေါ့၊''
''ကိုကအခု မီ့ကိုအပြစ်ပြောနေတာလား၊အဲ့မိန်းမဘက်က လိုက်ပြီးတော့လေ''
''ကိုယ်ပြောချင်တာက သူမှားတယ်ဆိုတာမှန်တယ်၊ဒါပေမယ့် ဗေဒါကဘာမှမဆိုင်တဲ့သူလေ လူတစ်ယောက်ကို ဒူးထောက်ပြီး တောင်းပန်ခိုင်းတယ်ဆိုတာက အရမ်းလွန်သွားပြီ မီ...''
''သေချာပါတယ် ကိုက မီ့ဘက်မှာမဟုတ်ဘူး၊မီက ခံရတဲ့သူပါ ကိုရဲ့''
တကယ်က တရားလွန်သွားသည်ဆိုတာ မီသိပါသည်။ဒါပေမယ့် မီ ဝန်မခံချင်။အဲ့တုန်းက ခံစားချက်က တကယ့်ကို အရသာရှိခဲ့တာကို အရမ်းအားရကျေနပ်ခဲ့သည်။
ကို အခုလိုသိသွားတော့ မီစိုးရိမ်မိပေမယ့် ကိုဟာ အဲ့လောက်အရာနှင့် မီ့ကိုစွန့်ခွာသွားမည်တော့မဟုတ်ပေ။
ကို ထွက်မသွားအောင် မီကလည်း အစွမ်းကုန်ကြိုးစားရမည်လေ။''ကို.....''
''ကိုယ့်ကို အချိန်ခနလောက်ပေး မီ''
ကိုဒီလောက် ဒေါသထွက်သည့်ပုံကို အခုမှသာမြင်ဖူးသည်။မီ့အပေါ် စကားမာမာမပြောဖူးသည့် ကိုက အခုတော့ ပြောင်းလဲသွားလျက် နှုတ်တောင်မဆက်ပဲ ထွက်သွားတော့၏။
မီ ဘာများမှားသွားခဲ့လို့ပါလည်း။အို...မမှားပါ။မီ မမှားဘူး...ဒါတွေကို မီစခဲ့တာမှမဟုတ်တာ။ဟိုမိန်းမကြောင့်...သူ့ကြောင့်သာ မီအခုလိုဖြစ်ရတာ...
ဟုတ်သည်။အရာအားလုံး နာရီညိုသွေးကြောင့်...
လေး မီနဲ့စကားမပြောဖြစ်သည်မှာ တစ်ပတ်ကျော်လေပြီ။မီကတော့ စာတွေလည်းပို့ထား ဖုန်းတွေလည်း ခေါ်ထားသည်ကို သူ တစ်ချက်မျှမကြည့်စွာပင် ကိုမှိုင်းအိမ်မှာသာ သွား၍နေဖြစ်သည်။အခုလောလောဆယ် စိတ်တွေရှုပ်နေသည့်အပြင် မည်သူ့ကိုမှစကားပြောချင်စိတ်မရှိသည်မို့ အခန်းထဲ၌သာ အချိန်ကုန်ဖြစ်တော့၏။
ဒီကြားထဲတော့ နာနာဆီက ဘာစာမှရောက်မလာသလို ဘာသတင်းမှလည်းမကြားမိပါ။သူမတို့ဆိုင်ရှေ့ကဖြတ်သည့်အခါမှာတော့ ဗေဒါကိုသာ တစ်ခါတစ်လေတွေ့ဖြစ်သည်။
နာနာကိုတော့ မမြင်မိတာပဲ ပိုကောင်းပါလိမ့်မည်။ မဟုတ်ရင် သူစိတ်မထိန်းနိုင်စွာ အရင်လိုပြန်လုပ်မိနေအုန်းမည်။
YOU ARE READING
Kiss it better
Romanceအချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်...