7

1.5K 38 0
                                    

''မေမေ၊ နာနာက ကိုလေးရှင်ဆက်ကိုကြိုက်နေတာကြာပြီမလား''

''ကြိုက်လည်း သူမှမရနိုင်တာ၊ဟွန်း...သနားစရာတော့ကောင်းသား''

''ဘာသနားတာလည်း အမေရဲ့၊ပိုပြီးတော့တောင်ကောင်းသေးတယ်...သူမို့လို့ ကိုလေးကိုမှန်းရဲတာ...ပြီးတော့ လင်တကလည်းရူးသေး၊ဟိုက မကြိုက်ပါဘူးဆို အတင်းလိုက်ကပ်နေတယ်''

''သမီးရယ်...ကပ်ပါးကောင်သားအမိဆို၊အကျင့်တွေကဘယ်ပျောက်ပါ့မလည်း''

''အဟမ်း....''

ဘွားတင်ချောင်းဟန့်သံကြားတော့ သားအမိနှစ်ယောက်က တိတ်ဆိတ်သွားကာ

''နင်တို့တွေ နာနာကို ဟိုးကတည်းကအတင်းတုပ်လာကြတာ မမောသေးဘူးလား''

နာနာကိုထိရင် ငြိမ်မနေတတ်သောဘွားတင်က မာမာထန်ထန် ပြောလာတော့လည်း သူတို့ငြိမ်ကျရသည်။အမှန်ပြောရရင်တော့ သိပ်မကျေနပ်ပါ။ဘွားတင်က မြေးတွေနဲ့ပက်သက်ရင် အရမ်းဘက်လိုက်လွန်းသည်။
ကိုယ့်သားရဲ့တရားဝင်မိန်းမ သားသမီးတွေကိုကျ မရှိသလိုဆက်ဆံပြီး ဘာမဟုတ်တဲ့ ပြည့်တန်ဆာမတစ်ယောက်ရဲ့ သမီးကိုကျ သည်းသည်းချစ်ပြနေသည်။

ကြာလာတော့ သူတို့လည်း အမြင်ကပ်လာပြီလေ။

''အမေကလည်း အမှန်ပြောတာပဲဟာ''

''ဘာအမှန်လည်း နင်ကလည်းအမေတစ်ယောက်ဖြစ်ပြီး ကိုယ့်သားသမီးတွေကို သင့်သင့်မြတ်မြတ်နေခိုင်းမယ်မရှိဘူး အမြဲရန်ရှာခိုင်းနေတာ ခံရတာနည်းတောင်နည်းသေး''

''ဘွားဘွားက အမြဲအဲ့ကောင်မဘက်ကချည်းပဲနော်၊သမီးတို့ကောရော ရှိတယ်လို့ ေတွးသေးရဲ့လား''

လုလုကမခံမရပ်နိုင်စွာ ပြောလာတော့

''ငါကနင်တို့ရန်ဖြစ်တာကို မြင်ချင်နေတယ်များထင်နေလား နင်ကိုက သူ့ကိုအမြဲရန်သွားရှာနေတာလေ...ငါပြောတာဟုတ်လားမဟုတ်ဘူးလား...နဂိုကတည်းကဟိုက ဆတ်ဆတ်ထိမခံပါဆို''

နှုတ်ခမ်းတွေကိုမဲ့ရွဲ့ကာပင် စားစရာရှိတာစားနေလိုက်တော့သည်။ထပ်ပြောရင်လည်း ဘွားဘွားကသူ့ကိုဆို အကောင်းပြောမည်မဟုတ်။

Kiss it betterWhere stories live. Discover now