အချိန်ကား ညနေ၆နာရီခွဲဝန်းကျင်ခန့်ပင်ရှိပေလိမ့်မည်။မြင်နေကျပုံစံအတိုင်းပင် စံအိမ်တော်အတွင်း၌ မီးထိန်ထိန်လင်းလျက် ခါတိုင်းနေ့များနှင့်ထူးမခြားစွာပင် တိတ်ဆိတ်ငြိမ်သက်၍ရှိနေလေ၏။ကျယ်ဝန်းလှသောခြံလေးအတွင်းသို့ အနက်ရောင်ကားလေးတစ်စီး တဖြေးဖြေးချင်းဝင်လာသောအခါ အပြင်ထွက်အသင့်စောင့်စားနေကြသည့် အလုပ်သမားအချို့သည် ကားပေါ်မှဆင်းလာသည့်သူအား လာ၍ဆီးကြိုကြသည်။
အနက်ရောင်ကြိုးသိုင်းဒေါက်ဖိနပ်တစ်စုံသည် ဖြူဝင်းလှသည့်ခြေထောက်တစ်စုံဖြင့် တစ်လှမ်းချင်းလှမ်းလာသည့်အခါ တဒေါက်ဒေါက်ဖြင့် ကြားရသူအဖို့ အနည်းငယ်မျှစိတ်လှုပ်ရှားမှုကို ပေးစွမ်းလျက်ရှိသည်။ ဖြူဖွေးသည့်အသားအရေနှင့်လိုက်ဖက်စွာ ဝတ်ဆင်ထားသည့် အဖြူရောင်ဝတ်စုံသည်လည်း အိမ်ထဲသို့ဝင်လျှင်ဝင်ချင်း အားလုံးသောသူတို့၏အကြည့်များကို ဖမ်းစားထား၍ရှိ၏။
အမှန်စင်စစ်ပြောရလျှင် ထိုအရာတွေသည် အပေါ်ယံတန်ဆာတွေမျှသာပင်။ထို့ထက် ဤအိမ်ကြီးအတွင်းသို့ သူမရောက်ရှိလာချိန်ကစအားလုံးသောလူတွေ၏အကြည့်များသူမထံရှိနေရခြင်းမှာ ဒေါက်ဖိနပ်သံကြောင့်လည်းမဟုတ်။အဖြူရောင်coat dressကြောင့်လည်းမဟုတ်။ချောမောလှပသည့် ဘိုမဆန်သည့်မျက်နှာထားကြောင့်လည်းမဟုတ်သေးပင်။ဒီထပ်ပိုပြီးနက်နဲစွာဝန်ခံရလျှင် ခရစ်စတယ်အိမ်တော်၏ တရားမဝင်သမီးတစ်ဦးအနေဖြင့် သူမအားမလိုမုန်းထား အထင်သေးစွာကြည့်နေကြခြင်းသာ...
ရုတ်တရက်အိမ်ပြန်ရောက်လာခဲ့တဲ့ သူမအား ဤအိမ်တော်ထဲ၌မနေခိုင်းစေခြင်း များစွာသော အကြောင်းပြချက်များစွာဖြင့် သူမအား စူးရှသည့်မျက်ဝန်းများဖြင့် ကြည့်နေကြခြင်းသာဖြစ်၏။ဆိုတော့ကာ...သူမအနေဖြင့် ဒါတွေကိုဂရုမစိုက်..
အဓိကသူမပြန်ရောက်လာရသည့် အကြောင်းအရင်းကလည်း ဘာမှထွေထွေထူးထူးမရှိနေပေ။ဤအိမ်တော်ထဲ၌ သူမကိုမုန်းတဲ့တွေများစွာရှိကောင်းရှိပေလိမ့်မည်။သို့သော်လည်း သူမအတွက်တော့ သူမကိုအလွန်ချစ်မြတ်နိုးသည့် ဘွားဘွားတင်တင်ညိုကလွဲ ကျန်တာတွေကို သူမစိတ်လည်းမဝင်စားသလို ဂရုလည်းမစိုက်ပေ။
YOU ARE READING
Kiss it better
Romanceအချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်...