''ဘွားဘွား၊နာနာကို သတိမရဘူးလား၊သူအိမ်မလာတာလည်းကြာပြီမလား''
ဗေဒါအပြောကိုဘွားတင်က မတုံပြန်ပဲသူ့အိပ်ရာပေါ်သို့တက်ကာ လုပ်နေကျအတိုင်း စာအုပ်ဖွင့်ဖတ်ကာနေ၏။တကယ်တော့ ဘွားတင်စိတ်အခြေအနေမကောင်းလှပါ။နာနာမရှိသည့်အတောအတွင်း ကျန်းမာရေးကလည်းဖောက်ပြန်ကာ မျက်နှာတညိုးညိုးဖြင့် အရင်လိုရွှင်ရွှင်လန်းလန်းမရှိလှပေ။တစ်ခါတစ်လေ ဒေါ်လင်းလင်းခက်တို့နဲ့ အပြင်သွားတတ်ပေမယ့် ပြန်လာသောအခါ အခန်းတံခါးပိတ်တစ်ယောက်တည်းနေပြန်တော့ ဗေဒါတို့ကသာအခက်တွေ့ရသည်။ဟိုတစ်လောကတောင် ဘွားတင်က နာနာ့အကြောင်းတဖွဖွပြောသေး၏။ငယ်ငယ်ကနာနာ ဘယ်လိုချစ်စရာကောင်းကြောင်း၊သူ့အမေထက်ပင်လှကြောင်း၊ ထက်ထက်မြက်မြက်နဲ့စကားလည်းနားထောင်ကြောင်း...အခုကတော့သူ့အချစ်ရဆုံးမြေးမလေးဟာ လိုချင်တာရပြီးသူ့ကိုပစ်သွားတော့ ဘွားတင်ခံစားရသည်နှင့်တူပါသည်။
ဗေဒါကလည်း နာနာမှာထား၍သာအချိန်အားရင်အားသလို ဘွားတင်ဆီအဖော်လာလုပ်ပေးဖြစ်သည်။နာနာကတော့ လက်ထပ်ပြီးသွားကတည်းက salonဆိုင်ကိုတော့မလာသလို ဘွားတင်ဆီလည်းရောက်မလာခဲ့ပါ။ဘွားတင်ကလာပါဟုလည်း မျှော်လင့်ခဲ့မည်မထင်မိပါ။ဟိုတစ်ခါ နာနာနဲ့တွေ့ဖြစ်တော့ ဗေဒါပင်အံ့သြသွားရလောက်အောင် နာနာဖျော့တော့ချိနဲ့နေခဲ့သည်။အရင်လိုခပ်ရဲရဲပုံစံဖြစ်မနေပဲ ဖြစ်လာသမျှကိုခံလိုက်သည့်ပုံစံမျိုး စိတ်ပျက်လက်ပျက်။
ဗေဒါကိုတွေ့တော့ နာနာကဦးစွာလာဖက်ကာ ပြုံးလျက်ကြည့်သေး၏။ဗေဒါသေချာကြည့်မိသာလျှင် ဒီအတောအတွင်း ကိုလေးရှင်ဆက်နာနာ့အပေါ်မည်သို့မည်ပုံလုပ်ထားမှန်းမသိ။လည်ပင်းတွေ၌ကော၊လက်ကောက်ဝတ်တွေမှာပါ အညိုအမည်းတွေအပြည့်။ဘာမှမဖြစ်ပါဘူးဟု ဆိုသောနာနာကတကယ်တော့ အဆင်ပြေနေတာမဟုတ်မှန်း သိသာလွန်းနေခဲ့သည်။ထိုပုံစံကိုကြည့်ပြီး ဗေဒါစိတ်မကောင်းလိုက်တာလေ။
''နင်တကယ်ကောအဆင်ပြေနေရဲ့လား၊နင့်ကြည့်ရတာ မကြာခင်ကြွေကျတော့မယ့် သစ်ရွက်လိုပဲ၊''
YOU ARE READING
Kiss it better
Romanceအချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်...