Kiss it better(pt.18)
စကားအတန်ကြာပြောပြီးတဲ့နောက် မိုးစက်ပြန်သွားချိန်တွင် ကိုလေးကစားပွဲပေါ်သို့ လက်ထောက်ကာသူမအားစိုက်ကြည့်လာခဲ့သည်။ဒီတစ်ခါ ကိုလေးအကြည့်တွေက ဘာလို့ဆိုလိုချင်နေမှန်းမသိပါ။နာနာမှာ ရယ်ကျဲကျဲဖြင့်...
''ကိုလေး..ဘာလို့အဲ့လိုစိုက်ကြည့်နေရတာလဲ''
''မင်း၊သူနဲ့ခင်တာဘယ်လောက်ကြာပြီလဲ''
''ကျောင်းကတည်းပါ''
''တွဲဖြစ်ကြသေးတာလား''
''မတွဲဖြစ်ပါဘူးကိုလေးရဲ့...ဘာလို့....''
ထိုင်နေသောခုံကိုသူ့ဘေးနားသို့ ပိုနီးကပ်အောင်ဆွဲလိုက်ပြီး သူမမျက်ဝန်းတွေကို နီးနီးကပ်ကပ်စိုက်ကြည့်လိုက်ပြီးနောက်တွင်
''သူ၊မင်းကိုကြိုက်နေတာ မင်းသိလား''
ရုတ်တရက်မို့နာနာဘာဖြေရမှန်းတောင် မသိတော့ပါ။မဟုတ်မှလွဲရော ကိုလေးသဝန်တိုနေတာများလား။သိပါတယ်လို့ဖြေရင်ကော ကိုလေးဘယ်လိုပြောလာမလည်း...ဘာပဲဖြစ်ဖြစ်ကိုလေးတောင် သိနေမှတော့ မထူးတော့ပြီမို့...
''သိပါတယ်..ဒါပေမယ့်၊သူငယ်ချင်းလိုပါပဲ..ကျွန်မမှသူ့ကိုကြိုက်မနေတဲ့ဟာ''
''မင်း ကြိုက်ကြိုက်မကြိုက်ကြိုက် သူမင်းကိုကြိုက်နေတယ်လေ အဲ့တာတောင် မင်းကသိသိရက်နဲ့ ဒီကိုတစ်ယောက်တည်းလာချင်သေးတယ်ပေါ့''
''ကိုလေးအခု ကျွန်မကိုသဝန်တိုနေတာလား၊အပြစ်တင်ချင်နေတာလား...ထပ်ပြောရရင် ကျွန်မဘာအပြစ်မှမလုပ်ထားဘူး..သူကြိုက်တာကသူ့အပိုင်း ကျွန်မနဲ့ဘာမှမဆိုင်ဘူး''
''အေးလေ...ငါကလည်းဘာကြောင့်ဝင်ပြောနေမိတာလဲ၊အကယ်၍ မင်းတခြားတစ်ယောက်ကို ပြောင်းကြိုက်သွားရင်တောင် ငါကပိုဝမ်းသာရအုန်းမှာ..''
နှုတ်ခမ်းကိုလျှာဖြင့်သပ်၍ ကိုလေးမျက်နှာတစ်ဖက်လွဲသွားသည်။နေပါဦး..သူမဘာအပြစ်များလုပ်မိသွားလို့လဲ...အရာအားလုံးအဆင်ပြေနေရဲ့သားနဲ့ အခုကဘာဖြစ်လာအုန်းမှာတဲ့လဲ...
''ကိုလေး..ကိုလေး..ကျွန်မကိုကြည့်''
ပြောပြောဆိုဆို ကိုလေးမျက်နှာကိုသူမဘက်သို့ဆွဲလှည့်လိုက်တော့ အကြည့်တွေကအေးတိအေးစက်။
YOU ARE READING
Kiss it better
Storie d'amoreအချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်...