Kiss it better(pt.12)
''မင်း၊မီနဲ့ပြန်တွေ့ဖြစ်နေတယ်ဆို''
ကိုမှိုင်းအပြောကို သူမငြင်းမိပါ။ဒီတစ်လေစိတ်အခြေအနေကမကောင်းနေသည်မို့ အိမ်မှာတောင်မနေဖြစ်ပဲ အလုပ်ပြီးလျှင်ဟိုသွားဒီသွားဖြင့်သာ အချိန်ကုန်ဖြစ်တော့၏။ အိမ်မှာနေရင်းလည်း သူမကိုတွေ့သည်နှင့် စိတ်တွေယားလာကာ တစ်ခုခုလုပ်မိမှာစိုးရသည်။နာနာကတော့ အေးဆေးနေနိုင်ပါ၏။ဘာမှမဖြစ်ထားသလို၊ာအပြစ်မှမလုပ်ထားသလို အရာအားလုံးကိုစောက်ဂရုမစိုက်တတ်သည့် သူမအကျင့်အတိုင်း မပြောင်းလဲစွာနေနိုင်ပါ၏။
''မိတ်ဆွေသဘောမျိုးနဲ့ တွေ့ကြတဲ့သဘောပါ၊ငါ့မှာခံစားချက်တွေကျန်နေသေးရင်တောင် အိမ်ထောင်ရှိတဲ့လူတစ်ယောက်အနေနဲ့ စည်းတားထားပါတယ်''
''အေးပါကွာ၊ငါကတော့ မီ့ကိုပဲသနားတယ်၊မင်းလမ်းခွဲမယ်ပြောတုန်းက သူ့မှာစားမရအိပ်မရ၊တစ်နေ့လုံးတစ်ညလုံးငိုနေရှာတာတဲ့...မီကကြားထဲကခံလိုက်ရတာပါကွာ''
''ငါသူ့ကိုတောင်းပန်ပြီးပြီ ကိုမှိုင်း၊အခုမိတ်ဆွေလိုမျိုး တွေ့ကြတဲ့သဘောပဲ...အဲ့တာကိုဟိုနေ့က နာနာပြသာနာလာရှာတယ်''
''သူကပဲစခဲ့တဲ့ဇာတ်လမ်းကို သူကပဲပြသာနာလာရှာရတယ်လို့ကွာ''
ပြောပြီးကာပင် ကိုမှိုင်းကခွက်ထဲသို့ ဝိုင်ဖြည့်ကာ သူ့ထံသို့လှမ်းပေးလာသည်။ဆိုဖာပေါ်မှာ ဃျေိတ်ထိုင်ရင်း ဝိုင်ခွက်ကိုယူလိုက်ကာ
''တစ်ခုပြောပြမယ် ကိုမှိုင်း''
''ပြောလေ''
''မီ သူ့ကိုပါးရိုက်လိုက်တယ်၊အဲ့တုန်းကမီ့မျက်နှာက တော်တော်ကြောက်ဖို့ကောင်းနေတယ်ကိုမှိုင်း...မီရဲ့အဲ့ပုံစံမျိုးကို အဲ့နေ့ကမှငါမြင်ဖူးခဲ့တာ''
''မင်းကလည်းကွာ...ကိုယ့်ချစ်သူတစ်ယောက်လုံးကို တခြားမိန်းမဆီမှာလုယူခံရတာ သူလုပ်တာတန်ပါတယ်၊ငါသာမီ့နေရာမှာဆိုလည်း အဲ့လိုလုပ်မိပါပဲ...တကယ်တမ်းအပြစ်ရှိနေတာက နာနာလေ...နေဦး မေးပါဦးမယ်''
''မေးလေ''
''မင်းကို မီ့ကိုယူလိုက်ပါလားလို့ပြောတုန်းဿျ အင်းမလုပ်အဲမလုပ်နဲ့ အခုကျ နာနာကိုချက်ချင်းတန်းယူလိုက်တာ ဘာသဘောလည်း''
YOU ARE READING
Kiss it better
Romanceအချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်...