17(pt.2)

1.7K 33 4
                                    


Kiss it better 17(pt.2)

မီ့မျက်နှာသည် နောက်နေသည့်ဟန်မပေါ်ပါ။ဘာလို့ဘွားတင်မွေးနေ့ပွဲကို လိုက်ချင်ရသည်တဲ့လဲ။ခဏလောက်မှိုင်းဆွံအသွားတော့ အကဲခတ်နေပုံရသော မီကရယ်ကျဲကျဲဖြင့် သူ့လက်မောင်းကိုဆုပ်ကိုင်လာခဲ့သည်။

''ကိုမှိုင်း..မီ့ကိုခေါ်သွားပေါးပါနော်၊နာနာရဲ့အဘွားဆိုတဲ့သူကို မြင်ဖူးချင်လို့ပါ..ပြသာနာမရှာရပါဘူး..လူအများကြီးလည်းရှိနေမယ့်ဟာလေ၊ပြီးတော့..ကိုမှိုင်းသိတဲ့အတိုင်း မီကခံခဲ့ရတဲ့သူပါ၊ဒီတိုင်း..သူ့အဘွားကိုတွေ့ဖူးချင်ရုံ ပြီးတော့..ကိုကလည်းရှိနေမှာလေ...နော်...''

''ခေါ်..ခေါျသှားရတာကအဆငျပွပေါတယျ၊အဲ့မှာနာနာလညျးရှိနမှောဆိုတော့..တော်ကြာ...''

''ဟာ..စိတ်ချ၊မီလုံးဝပြသာနာမရှာဘူး၊ဒီတိုင်းလိုက်ချင်ရုံပဲ''

''ကောင်းပြီလေ..ဒါဆိုလာမယ့်စနေနေ့၊ကိုယ်လာကြိုလိုက်မယ်''

''ဟုတ်ပြီ..ဟုတ်ပြီ..ဒါဆိုမီသွားပြီနော်...''

အပြင်သို့ထွက်လာတော့ ခုံတန်းလျားတွင်ထိုင်နေသည့် ဗေဒါနဲ့မျက်လုံးချင်းဆုံသည်။မီကတော့ မသိသလိုသဘောထားကာ မျက်နှာလွဲ၍သီချင်းလေးညည်းရက်ပင် အိမ်ပြန်ဖို့ဦးတည်လိုက်ပါသည်။လာမယ့်စနေနေ့အတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားစွာပင်။အိမ်ရောက်ရင်တော့ မေမေ့ကိုပြောပြရအုန်းမည်။

နာရီညိုသွေးရဲ့အကြောင်းကို ကိုမှိုင်းပြောပြထားသလောက် သိပြီးထားပြီမို့ သူ့ရဲ့အားနည်းချက်ကိုရှာကာ အလဲထိုးဖို့ပင်လိုသည်။

ကို့ကိုလုယူသွားခဲ့တဲ့ ထိုမိန်းမကိုမီကဘာကြောင့် ငြငိမ်ခံနေရပါမည်တဲ့လည်း။သူ့ဆီကလည်းပြန်လုယူရမှပင်ကျေနပ်နိုင်ပေလိမ့်မည်။

''ဒီမှာ..ဒီမှာဘယ်အချိန်မှပြီးမှာလဲ''

''ခဏလေး စိတ်ရှည်ပါ မဗေဒါ၊ကျွန်တော်အသီးတွေကိုရွေးပြီးခူးပေးနေရတာ..''

''မခူးခင်လေပေါနေသေးတာ ကျွန်မတွေ့ပါတယ်၊မြန်မြန်လုပ်ပေးပါ..ကျွန်မအလုပ်ရှိသေးတယ်''

Kiss it betterWhere stories live. Discover now