ဆေးရုံခန်းထဲသို့ ဝင်လိုက်စဥ်တွင် ယုယက ထူထူထောင်ထောင်တော့ ဖြစ်လာကာ ခက်သစိတို့နဲ့ စကားပွောကာရှိသညျ။ဗဒေါရောကျလာမှနျူသိတော့ မှိုင်းက ထိုင်နေရာမှထလာကာ
''ထိုင်ပါ..မဗေဒါ''
''အော်..ရပြီ၊မထိုင်တော့ဘူး..ကျွန်မအလုပ်ပြန်သွားရမှာမို့''
မုန့်ထုတ်တွေကို ဘေးစားပွဲပေါ်၌ တင်ထားလိုက်ကာ ယုယကိုကြည့်တော့ အားငယ်သလိုလေး ပြုံးကြည့်လာသည်။ခက်သစ်ကလည်း မျက်နှာမကောင်းပါ။
''နေရထိုင်ရ အဆင်ပြေလားယုယ''
''အဆင်ပြေပါတယ် ဗေဒါရယ်၊လာကြည့်ပေးတာ ကျေးဇူးပါနော်''
''မလိုအပ်တာကွယ်..လာကြည့်ရမှာပေါ့၊မျက်စိရှေ့တွင် ဖြစ်သွားတဲ့ဟာ..နောက်ကျရင် အများကြီးမသောက်မိအောင် သတိထား''
''ခါတိုင်း အဲ့လိုမသောက်ပါဘူး..ဒီနေ့မှပဲ...''
ယုယက ခက်သစ်ဘက်ကို တစ်ချက်ကြည့်ပြီး
''ထားပါတော့..ပြီးသွားပြီပဲဟာ၊ဒါနဲ့..ဗေဒါ အလုပ်သွားရအုန်းမယ်ဆို..''
''အချိန်ရပါသေးတယ်..နာနာလည်း လာကြည့်အုန်းမယ်တဲ့၊မနက်ကပဲ ဖုန်းပြောပြီးတာ သူ့ကြောင့်များလားဆိုပြီး စိတ်မကောင်းဖြစ်နေတယ်''
''အာ..မဟုတ်တာ၊သူ့ကြောင့်မဟုတ်ရပါဘူး..''
''ကျွန်တော့်အမှားပါ..ဘယ်သူ့အပြစ်မှမဟုတ်ပါဘူး''
လေသံတိုးလျလျ ဆိုလာတော့လည်း အရမ်းကြီးအပြစ်မတင်ရက်တော့ပါ။ထိုစဥ် မှိုင်းကလည်း ခက်သစ်ပုခုံးကို ပုတ်ကာ
''ပြီးသွားပြီပဲ..ယုယလည်း မင်းကိုခွင့်လွှတ်ပါတယ်၊ဒါပေမယ့်..မင်း၊ယုယကိုတော့ အတော်ဂရုစိုက်ရတော့မယ်နော်''
ဒီစကားကဘာပါလိမ့်။ဗေဒါမှာ စိတ်လှုပ်ရှားသလိုဖြင့် မှိုင်းကိုကြည့်မိတော့ သူကပြုံးပြလာခဲ့ကာ ယုယဘက်သို့ ကြည့်ပြီး
''မင်းတို့နှစ်ယောက် စကားတွေအကြာကြီးပြောနေကြတာပဲ..အဆင်ပြေသွားကြပြီမဟုတ်လား''
ယုယက လက်ကာပြလာသည်။ဒါဆို...
''မပြောနဲ့တော့အကြောင်း...ငါဖွင့်ပြောလိုက်တာငါ့အမှားပါ၊ခက်သစ်ကိုလည်း တောင်းပန်ပြီးပြီ၊''
YOU ARE READING
Kiss it better
Romanceအချစ်ဆိုသောအရာကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုကြသနည်းဟု မေးလာခဲ့လျှင် ကျွန်မ၏တစ်ခုတည်းသောချွင်းချက်မရှိအဖြေတစ်ခုသည် ကိုလေးပင်ဖြစ်ပေလိမ့်မည်။ကျွန်မအတွက်တော့ ချစ်မိခဲ့သည်ဆိုသည်နှင့်ပင် ကိုလေးဟာကျွန်မအပိုင်ဟု သတ်မှတ်ထားသည်နှင့်အလျောက် ကျွန်မကလွဲ၍ တခြားမည်...