အပိုင်း - (၂၁)

4.7K 353 20
                                    

" အစ်မငွေမှုန် ... ခမောက်မေ့ခဲ့တယ် "

" အယ် ... ဟုတ်ပါ့ရယ်ကွယ် ... အစ်မလည်း သနပ်ခါးလိမ်းရင်း လှေကားလက်ရန်းမှာ ကျန်နေရစ်ခဲ့တာ မောင်ခွေးပုရယ် "

ငွေမှုန်က ဝါးတောင်းလေးကိုကိုင်လို့ ခြံရှေ့ထွက်ရပ်ဖို့ပြင်တော့ ခွေးပုက ခမောက်ကလေးကိုင်လို့ အပြေးလာပေးသည်။ အနားရောက်လာတော့လည်း ခွေးပုက ငွေမှုန့်ကို ခမောက်လေးကမ်းပေးလာပြီး ငွေမှုန့်လက်ထဲက ဝါးတောင်းလေးကို လက်လွှဲယူလို့ သယ်ပေးသည်။

" အစ်မက လမ်းလျှောက်သွားမလို့လား ... အတူတူသွားကြမယ်လေ... ကျွန်တော်တို့နဲ့ ကိုဒင်္ဂါးလည်း လိုက်မယ့်ဟာကို "

ခွေးပုပြောတော့ ငွေမှုန်က ခပ်ဖွဖွပြုံးရင်း ခေါင်းရမ်းလိုက်သည်။

" မသွားသေးပါဘူး မောင်ခွေးပုရယ် ... မိုးရိပ်ကလေးလည်းရှိတော့ မိုးရွာမှာစိုးလို့ပါ ... သာထင်တို့လှည်း လာပြီလားလို့ ခြံရှေ့ထွက်မျှော်တာပါ "

" အော် အဲ့တာများ အစ်မရယ် ... မိုးရိပ်သာရှိတာ နေပူလိုက် မိုးအုံ့လိုက်နဲ့ကို ... အခုကျတော့လည်း နေပူလိုက်တာများကျဲကျဲကိုတောက်လို့ ... အိမ်ထဲကနေစောင့်လည်း ရရဲ့နဲ့ "

" ကယ့် ... မောင်ခွေးပုရယ် ... မင်းရော မောင်ငယ်ပစ်တိုင်းထောင်ရော အငယ်ရောက တစ်နေ့တစ်နေ့ အဘနဲ့ ပိုတူ,တူလာတယ် "

ငွေမှုန်မှာတော့ မောင်ငယ်သုံးယောက်ရထားပေမယ့် ယောက်ျားသားတွေကြားမလို့ အငယ်လိုပင် အစောင့်ရှောက်ခံရသည်။ ခွေးပုပြောသလိုပင် နေကလည်း ကျဲကျဲတောက်လို့ ပူလှတာကြောင့် ခြံထဲကနေ အိမ်ထဲပြန်ဝင်တော့ ခွေးပုက အနောက်ကပါလာသလို ခုန်ပေါက်ဆော့နေတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကလည်း အိမ်အရိပ်ထဲကို ပြေးဝင်လာသည်။

" သာထင်တို့ မလာသေးဘူးလား အစ်မ "

" ‌အင်း . အငယ်ရယ် ... အစ်မလည်း အခုပဲ ထွက်မျှော်နေတာ . နေပူလို့ ပြန်ဝင်လာတာ "

‌အပေါ်ထပ်ကနေ ဆင်းလာတဲ့ အငယ်က ငွေမှုန့်ကိုမေးရင်း အိမ်အတွင်းပိုင်းက ကွပ်ပျစ်မှာ ဝင်ထိုင်သည်။ အနောက်မှာလည်း မောင်ငယ်ပစ်တိုင်းထောင်က ပါလာတာမလို့ ငွေမှုန်နဲ့ ခွေးပုက လေးယောက်သား ကျယ်ကျယ်ပြန့်ပြန့် ထိုင်လို့ရအောင် စနစ်တကျ နေရာရွှေ့ထိုင်လိုက်သည်။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now