အပိုင်း - (၂၂)

4.7K 395 16
                                    

" အဲ့တာတွေ မလုပ်ပါနဲ့ဆို အစ်မရယ် ... ကျွန်တော့်ဘာသာ လုပ်ပါ့မယ်ဆို "

" အမလေး ... ပြီးရင် အငယ်က လုပ်မယ်‌လုပ်မယ်ပြောပြီး တစ်ပတ်တန်သည် နှစ်ပတ်တန်သည် ကြာနေဦးမှာ ... အစ်မပဲ လုပ်ပါ့မယ် "

အိမ်ရှေ့ကွပ်ပျစ်မှာထိုင်ရင်း ဒင်္ဂါးနဲ့ ပစ်တိုင်းထောင်တို့ရဲ့ အင်္ကျီတွေကို ကြယ်သီးထိုင်တပ်နေတဲ့ အစ်မငွေမှုန်ကို ထိန်းမနိုင်တာကြောင့် ဒင်္ဂါးလည်း လွှတ်ထားလိုက်ရသည်။ ယောက်ျားလေးတွေမလို့ အင်္ကျီမှာ ကြယ်သီးတစ်လုံးနှစ်လုံး ပြုတ်တာလောက်တော့ သိပ်ဂရုမစိုက်ပဲ အကြမ်းဝတ်ချပေမယ့် အစ်မငွေမှုန်ကတော့ ဂရုတစိုက်စစ်ပေးရင်း အသေအချာ ချုပ်ပေးတတ်သည်။

" ဒီမယ်ကြည့်ဦး အငယ်ရယ် ... မင့် ကလေးတွေလို မြေကြီးပေါ်မှာများ လူးလှိမ့်ပြီး ဆော့လာသလား . ချုပ်ရိုးအနားတွေလည်းပြဲလို့ "

" အဲ့တာ ပစ်တိုင်းထောင်ရဲ့ အင်္ကျီပါ အစ်မရဲ့ ... ကျွန်တော်နဲ့ကြီးနေလို့ သူ့ကိုပေးဝတ်ထားတာ "

" အေးကွယ် ... ကလေးကျနေရောပဲ "

အစ်မငွေမှုန်က ပြောရင်းဆိုရင်း အင်္ကျီလည်ပင်းက ကြယ်သီးတပ်လက်စကို အာရုံစိုက်သည်။ ဒင်္ဂါးအင်္ကျီတွေလို့သာ ပြောပေမယ့် အများစုက ပစ်တိုင်းထောင်နဲ့ ခွေးပုအင်္ကျီတွေဖြစ်သည်။ ဆရာသမားနှစ်ယောက်က အင်္ကျီတွေကို ဒင်္ဂါးတို့က လျှော်ပေးမယ်ဆိုလည်း မဟုတ်။ ကိုယ့်ဘာသာ လျှော်လိုက်ရင်လည်း အကြမ်းပတမ်းတွေမလို့ ကြယ်‌သီးတွေက ဒူပေနာပေမခံပဲ အင်္ကျီတွေခမျာ ကြယ်သီးမစုံတဲ့ဘဝကို ရောက်ရတော့သည်။

" အဲ ... ဒါနဲ့ . မောင်ငယ်ပစ်တိုင်းထောင်တို့ရော "

" ရှိပါ့ ... မိစွာနဲ့ မိုက်မိုက်စန်းကို တုံကင်နားမယ် ရေချိုးပေးနေတယ် "

" ဪ ... အဲ့တာကြောင့် အခုနတုန်းက ခွေးပုလက်ထဲမှာ ကာပေါ်လစ်ခဲ တွေ့တော့တွေ့သား "

ဒင်္ဂါးက ခေါင်းညိတ်ပြလိုက်သည်။ ခဏနေတော့ အစ်မငွေမှုန်ကလည်း အဝတ်ချုပ်ရင်း သူ့အာရုံနဲ့သူ ဖြစ်သွားတာကြောင့် ဒင်္ဂါးလည်း ပစ်တိုင်းထောင်တို့ရှိရာ အိမ်ဘေးကို လျှောက်သွားလိုက်သည်။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now