အပိုင်း - (၂၃)

4.8K 385 13
                                    

အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ဒူးတစ်ဖက်ထောင်ထိုင်ကာ လက်ပေါ်မေးတင်ထားရင်း မျောက်မှိုင်မှိုင်နေတဲ့ ခွေးပုအနားကို ဒင်္ဂါးဝင်ထိုင်လိုက်သည်။ ဘေးမှာ ဝင်ထိုင်လိုက်တဲ့ဒင်္ဂါးကို တစ်ချက်သာ စောင်းငဲ့ကြည့်လာပြီး အကြည့်ပြန်လွှဲသွားသည်။

" ပစ်တိုင်းထောင်က ခဏလေးပဲသွားတာနေမှာပါ ကိုခွေးပုရဲ့ ... မြို့ကို အပြီးပြန်တာဆိုရင် ကိုခွေးပုကို တစ်ယောက်တည်းထားခဲ့ပါ့မလား . ဒီမယ် မိစွာနဲ့ မိုက်မိုက်စန်းလည်း ကျန်နေသေးတဲ့ဟာကို "

ဒင်္ဂါးက ကွပ်ပျစ်ပေါ်ကနေ ခြေထောက်ကို အောက်ချပြီး ထိုင်နေတာကြောင့် လာပြီး ပွတ်သီးပွတ်သပ်လုပ်နေကြတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကို မေးငေါ့ပြရင်း ခွေးပုကို ပြောလိုက်သည်။ ဒင်္ဂါးပြောလိုက်ကာမှ ခွေးပုက သက်ပြင်းတစ်ချက်ကို ဟူးခနဲ မှုတ်ထုတ်လိုက်တာကြောင့် အနားမှာ သစ်ရွက်ခြောက်တွေသာရှိရင် အဝေးကို လွင့်သွားနိုင်သည်။

" ကိုဒင်္ဂါးကလည်းဗျာ ... ကျွန်တော်က ကျန်နေခဲ့လို့ မှိုင်နေတာ မဟုတ်ပါဘူးဗျ "

" အဲ့တာဖြင့် မောင်ခွေးပုမျက်နှာက ဘယ့်နှယ့်ကြောင့် မှိုင်နေရတာတုန်း "

ခွေးပုက ကိုဒင်္ဂါးကို ပြောလိုက်ပေမယ့် ပြန်ပြောသူကတော့ အခါးရည်ဗန်းကလေးကိုင်လို့ အိမ်ထဲကထွက်လာတဲ့ အစ်မငွေမှုန်ဖြစ်သည်။ လက်ထဲက အခါးရည်နဲ့ လက်ဖက်သုပ်ပန်းကန်ကလေးကို ကွပ်ပျစ်ပေါ်ချရင်း အစ်မငွေမှုန်က ကွပ်ပျစ်ပေါ် ဝင်ထိုင်သည်။

" ဆျာထောင်က ကျွန်တော့်ကိုလည်း ပြောမသွားဘူးလေ အစ်မငွေမှုန်ရဲ့ ... ကျွန်တော်က မြို့လိုက်ပြီး ဆံပင်ညှပ်ချင်တဲ့ဟာ "

" အော် ... ဆံပင်ညှပ်ချင်တာများ မောင်ခွေးပုရယ် . ရွာထဲက ဦးဘမြင့်ဆိုင်မယ် ညှပ်လည်း ရရဲ့သားနဲ့ ... အစ်မက ဘာများဖြစ်သလဲလို့ "

" ဟာ ... ဦးဘမြင့်က ဆံပင်ညှပ်တာမှ မဟုတ်ပဲကို ... သူက ဆံပင်ခုတ်တာ "

ပြောရင်းဆိုရင်း ဆံပင်ညှပ်ချင်ပြီဆို ညှပ်ချင်တဲ့ဆံပင်ကို တုံးပေါ်တင်ကာ ဓားနဲ့ခုတ်ပေးတဲ့ ဦးဘမြင့်ကြီးကိုမြင်ယောင်ပြီး ခွေးပုမှာ ကြက်သီးမွေးညင်းတွေပင် ထသွားရသည်။ ကိုဒင်္ဂါးကိုကြည့်လိုက်တော့လည်း ခွေးပုပုံစံကိုကြည့်ရင်း ရယ်ချင်ပက်ကျိမျက်နှာနဲ့။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now