Lord Of Egypt - Episode(2)

637 38 0
                                    

အယ်လ်စင်တစ်ယောက်ကျောက်စာအကြောင်းအသေးစိတ်သိရဖို့အေ့စ်ရှိတဲ့အလုပ်နေရာစီကိုလာခဲ့သည်..အလုပ်နေရာကိုအေ့စ်ကမှန်ဘီလူးတစ်ခုကိုကိုင်လျက်ကျောက်စာကိုအသေးစိတ်စစ်ဆေးနေသည်...အေ့စ်ကရှေးဟောင်းဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပြီးအလွန်အလုပ်ကြိုးစားကာထူးချွန်လို့အယ်လ်စင့်နီးပါးအောင်မြင်နေတဲ့သူဖြစ်သည်..အလုပ်နဲ့ပက်သက်လာရင်အရမ်းအာရုံစိုက်တတ်လို့အလုပ်လုပ်နေတဲ့အချိန်ဆိုရင်ပြင်ပလောကကိုလုံးဝမေ့လျှော့သွားတတ်သူဖြစ်သည်..အာ့လောက်ထိအလုပ်ကြိုးစားလွန်းလို့သူ့ဝန်ထမ်းတွေက"အလုပ်တစ္ဆေ"ဆိုပြီးသူ့နောက်ကွယ်မှာစနောက်ခေါ််ဝေါ််လေ့ရှိကြသည်...အခုလည်းအလုပ်အပေါ်ဘယ်လောက်ထိအာရုံစိုက်နေလဲဆိုရင်အရှေ့မှာလူတစ်ယောက်လုံးရပ်နေတာတောင်လုံးဝသတိမမူမိပေ..အယ်လ်စင်ကသူ့သူငယ်ချင်းကြည့်ပြီးသဘောကျရယ်မိကာချောင်းတစ်ချက်ဟန့်လိုက်သည်.

အယ်လ်စင်-"အဟမ်း.."

ချောင်းဟန့်သံကြားမိကာမှမျက်မှန်အထူကြီးကိုပင့်ပြီးမော့ကြည့်လိုက်တော့အအနှစ်နှစ်အလလကွဲကွာနေတဲ့လူတစ်ယောက်ကိုပြန်တွေ့လိုက်ရသလိုအယ်လ်စင်ကိုပွေ့ဖက်ပြီးအားပါးတရရယ်မောလေသည်.

အေ့စ်-"ဟားဟားဟား...ငါသူ့ငယ်ချင်းကြီးကိုမတွေ့ရတာမွေးကတည်းကပဲ"

အယ်လ်စင်-"မင်းရဲ့ဟာသကလည်းတုံးလွန်းလို့ဟန်ဆောင်ပြီးတော့တောင်မရယ်ချင်ဘူး.."

အေ့စ်-"ဟားဟားဟား."

အေ့စ်ကသဘောကျရယ်မောနေတော့အယ်လ်စင်လည်းသူ့သူငယ်ချင်းကိုကြည့်ကာရယ်မိသည်..

အေ့စ်-"မှန်းစမ်း....မင်းဒီအထိလာတွေ့တယ်ဆိုတော့ညကစာအုပ်အကြောင်းထပ်မေးချင်လို့မဟုလား?."

အယ်လ်စင်-"အာ့ဒါတင်ဘယ်ဟုမလဲ....မင်းကိုလည်းမတွေ့ရတာကြာပြီမို့လို့မင်းကိုလည်းလာတွေ့ရင်းစာအုပ်အကြောင်းလည်းမေးရင်းပေါ့.."

အေ့စ်-"အေးပါကွာ...ငါလည်းအာ့ကျောက်စာကိုဆက်လေ့လာနေတာ...သူကရေးသူနာမည်ကိုတော့ထည့်မရေးထားဘူး...အာ့စာအုပ်ကိုပိရမစ်အောက် မှာမြုပ်ထားတဲ့အကြောင်းပဲရေးထားတာ."

"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 CompleteWhere stories live. Discover now