ဆီးလ်ဂရက်-"အဲလ်ဂရက်အခုထိသတိမရလာသေးဘူး...ဘယ်လိုလုပ်ကြမလဲ?."
"စိတ်မရှိရင်ကျွန်မကြည့်ပေးလို့ရမလား?."
ဆီးလ်ဂရက်-"မင်းလိုစုန်းမကိုငါဘယ်လိုယုံရမှာလဲ?!!!!."
အာဇူးမစ်-"ဆီးလ်ဂရက်....ကြည့်ခိုင်းလိုက်."
ဆီးလ်ဂရက်-"ငါ့ညီကိုတစ်ခုခုဖြစ်အောင်လုပ်လို့ကတော့မင်းမလွယ်ဘူးမှတ်!!."
ဆီးလ်ဂရက်ကအံကိုတင်းတင်းကြိတ်ကာသတိပေးလိုက်သည်...စုန်းမကကုတင်ပေါ်မှာလဲလျောင်းနေတဲ့အဲလ်ဂရက်ရဲ့လက်ကောက်ဝတ်ကိုစမ်းကြည့်လိုက်သည်.
"သူ့မှာအတိတ်ဒဏ်ရာရှိခဲ့လား?."
အိုင်းဆက်-"ရှိခဲ့တယ်...အဲလ်ဂရက်ကငယ်ငယ်လေးတုန်းကရေနစ်ခဲ့ဖူးတယ်.."
"သေချာပြီ...ထင်ယောင်ထင်မှားမကောင်းဆိုးဝါးတွေကသူ့ရဲ့အားနည်းချက်ဖြစ်တဲ့ဒီအတိတ်ဒဏ်ရာဟောင်းကိုသုံးပြီးပြုစားခဲ့ကြတာ...လူတစ်ယောက်ရဲ့အားနည်းချက်ကိုအသုံးချပြီးအာ့ဒီအားနည်းချက်ထဲမှာလုံးဝမရုန်းနိုင်တော့အောင်အသိစိတ်ကင်းမဲ့သွားတဲ့အချိန်ကိုရောက်မှမကောင်းဆိုးဝါးတွေကထိုလူကိုအရသာစားသောက်ကြတာ...ရှင့်ညီကပြုစားမှုအောက်ကလွတ်သွားခဲ့ပေမယ့်ရှင့်ညီကိုယ်တိုင်ကမရုန်းထွက်နိုင်ပဲအာ့အတိတ်ဒဏ်ရာထဲမှာလွင့်မျောနေတာ...အာ့ဒါကြောင့်သူသတိမရသေးတာပေ့ါ."
ဆီးလ်ဂရက်-"သတိပြန်ရအောင်ဘယ်လိုလုပ်ရမလဲ?."
"စိတ်မပူပါနဲ့...ကျွန်မမှာစုဆောင်းထားတဲ့ဆေးမြစ်တွေရှိတယ်...ဒါပေမယ့်သတိရဖို့ကအချိန်နည်းနည်းစောင့်ပေးရလိမ့်မယ်."
ဆီးလ်ဂရက်-"ဘယ်လိုပဲဖြစ်ဖြစ်ငါ့ညီကိုသတိပြန်ရအောင်ကုပေးပါ."
"ကျွန်မအကောင်းဆုံးကြိုးစားပေးမယ်."
ဆီးလ်ဂရက်-"ငါမင်းကိုတကယ်ယုံလို့ရတယ်မလား?.."
"ယုံတာမယုံတာတော့ရှင့်အပိုင်းပဲ...ဒါပေမယ့်ကျွန်မရှင့်ညီကိုအကောင်းဆုံးကုသပေးမယ်."
ဆီးလ်ဂရက်-"ကျေးဇူးပဲ...ခုနကရိုင်းမိတာအတွက်တောင်းပန်ပါတယ်...ငါနည်းနည်းသွေးဆူနေလို့ပါ.."
![](https://img.wattpad.com/cover/370833914-288-k145175.jpg)
YOU ARE READING
"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 Complete
Acción"ဒါနမူနာပဲရှိသေးတယ်..နောက်တစ်ခါငါကိုယ်တော်ပိုင်တဲ့လူကိုအကြည့်နဲ့တောင်ထိဖို့မကြိုးစားမိစေနဲ့..မဟုလို့ကတော့ငါကိုယ်တော်ကိုယ်တိုင်မင်းတို့အားလုံးကိုတစ်စစီဆွဲဖြဲပြီးနဂါးစာကျွေးပစ်မယ်