Lord Of Egypt - Episode (50)

211 12 0
                                    


ဇန်ဒါ-"အခုတော့တကယ်ခွဲရပြီပေါ့....ငိုချင်တာမျက်ရည်တောင်မထွက်နိုင်တော့ဘူး."

ရာဗာနာ-"မငိုပါနဲ့မောင်တော်ရယ်...လက်ထပ်ပြီးသွားရင်ရောမပြည့်ရှင်ကိုခွင့်တောင်းပြီးခဏတဖြုတ်လာလာလည်ပေါ့...မဟုလည်းအစ်မတော်တို့လာလည်မှာပေါ့.."

ဆီးလ်ဂရက်-"ဟုသားပဲငါ့ညီတော်ရယ်.."

အိုင်းဆက်-"ပြီးတော်နတ်ဘုရားတွေပူဇော်ပွဲလည်းနီးနေပြီ...အာ့အချိန်ကျရင်ရောမစစ်သူကြီးနဲ့လာခဲ့ပေါ့မဟုဘူးလား?."

ဇန်ဒါ-"ဟုသားပဲ...ဘာလိုလိုနဲ့နတ်ဘုရားများပူဇော်ပွဲတောင်နီးနေပြီ...စစ်သူကြီးနဲ့အတူလိုက်လာခဲ့မယ်."

ဟားမက်စ်-"ကြင်ယာတော်လေးအလိုကျပါပဲခင်ဗျာ...ကြင်ယာတော်လေးသာပျော်ရွှင်မယ်ဆိုရင်ဟောဒီ့ကမောင်တော်ကတစ်ယောက်တည်းကျန်နေခဲ့ရလည်းကျေနပ်ပါတယ်ခင်ဗျ."

ဇန်ဒါ-"ဟီးဟီး...အာ့ဒီ့ကပြန်လာရင်အရှင်မင်းကြီးအနားမှာပဲမခွာစတမ်းတွယ်ကပ်နေပြီးတချိန်လုံးစိတ်ချမ်းသာအောင်ပြုစုပေးပါ့မယ်.."

အဲလ်ဂရက်-"အဟမ်းအဟမ်း...ရောမပြည့်ရှင်ကဥပုဒ်စောင့်တဲ့ကျားကြီးမဟုဘူးနော်ငါ့ညီတော်...တော်ကြာငါ့ညီတော်လေးကပဲပြန်ပြုစုခံနေရမှဖြင့်...အဟီးဟီး.."

ဇန်ဒါ-"အား!!!!!....ဘာတွေပြောနေမှန်းလည်းမသိဘူး!!!!!."

"ဟားဟားဟားဟား!!!!!!!!!.."

ဇန်ဒါ့ကိုနူတ်ဆက်ခြင်းကဝမ်းနည်းစရာတွေနဲ့မဟုပဲနှစ်လိုဖွယ်ရယ်မောသံတွေနဲ့သာပြည့်နှက်နေခဲ့သည်...နောင်တော်မထိတထိစနောက်လို့မျက်နှာတွေနီရဲပြီးဒေါသပုန်ထနေတဲ့ဇန်ဒါလေးကိုကြည့်ပြီးဗိုက်ကြောနာတဲ့အထိအော်ရယ်တဲ့သူတွေကရယ်ပြီးချစ်ရည်ရွန်းတဲ့နှစ်လိုဖွယ်အကြည့်တွေနဲ့နွေးထွေးစွာငုံ့ကြည့်နေတဲ့ဟားမက်စ်တို့ဟာတစ်ချိန်တည်းမှာမဟာရန်သူတော်တွေကနေနွေးထွေးတဲ့မိသားစုကြီးတစ်ခုအဖြစ်အချိန်တခဏတာအတွင်းမှာပြောင်းလဲသွားခဲ့ပြီ....ချစ်ရတဲ့သူတစ်ယောက်တည်းရဲ့ရှေ့မှာကလွဲရင်သူ့ရဲ့နွေးထွေးကြင်နာတတ်တဲ့တစ်ဖက်ခြမ်းကိုဘယ်သောအခါမှထုတ်ဖော်မပြတတ်တဲ့ရေခဲတောင်ကတောင်အရူံးပေးရတဲ့အေးစက်တည်ငြိမ်လွန်းပါတဲ့အာဇူးမစ်ကလည်းချစ်ရသူအယ်လ်စင်ရဲ့ဖြုစင်လှပတဲ့အပြုံးတွေကိုငေးကြည့်ရင်းနူတ်ခမ်းတွန့်ရုံမျှပြုံးဝင့်နေတော့သည်....ဘေးနားကအ​​​ခြွေအရံတွေနဲ့စစ်သည်ရဲမက်တွေကတောင်ပြုံးဝင့်ငေးမောရလောက်သည်အထိသူတို့ရဲ့ကြီးမားတဲ့မိသားစုကြီးဟာသိပ်ကိုနူးညံ့နွေးထွေးလွန်းပါသည်.

"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 CompleteWhere stories live. Discover now