အယ်လ်စင်-"အရှင်မင်းကြီးကနန်းဆောင်ထဲမှာမရှိဘူးဆိုရင်ဘယ်ကိုသွားတာလဲဟက်ဇာ?."
ဟက်ဇာ-"ဥယာဥ်တော်ထဲမှာရှိတယ်...မင်းကိုတွေ့ရင်သူ့စီလာခိုင်းဖို့ငါ့ကိုမိန့်ထားတယ်."
အယ်လ်စင်-"အာ့ဆိုကျွန်တော်သွားလိုက်ဦးမယ်."
ဟက်ဇာ-"အယ်လ်စင်."
အယ်လ်စင်-"ပြောလေဟက်ဇာ."
ဟက်ဇာ-"မျက်နှာလည်းမကောင်းပါလား?...ဘာဖြစ်နေတာလဲ?."
ဟက်ဇာပြောမှပဲသူ့ကိုယ်သူပြန်သတိထားမိတော့သည်...ဟက်ဇာကိုသူအသက်မပါတဲ့အပြုံးနဲ့ပြောလိုက်သည်.
အယ်လ်စင်-"ကျွန်တော့်ကိုဘယ်တုန်းကတည်းကဒီလိုမျိုးဂရုစိုက်တတ်သွားတာလဲ?...ဟက်ဇာကကျွန်တော့်ကိုဆိုလုံးဝကြည့်မရဘူးမလား?."
ဟက်ဇာ-"ကြည့်မရတာတော့ကြည့်မရတာပေါ့...မေးလို့တောင်မရဘူးလား?."
အယ်လ်စင်-"ရပါတယ်ဗျာ...ကျွန်တော်စတွေ့ကတည်းကဟက်ဇာ့ကိုကိုယ့်ဦးလေးအရင်းတစ်ယောက်လိုမျိုးကျွန်တော်သဘောထားခဲ့ပါ...အာ့ကြောင့်ဟက်ဇာကျွန်တော့်အပေါ်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကျွန်တော်ကတေ့ာဟက်ဇာကိုအမြဲတမ်းချစ်နေမှာပါ."
အယ်လ်စင့်ရဲ့အဖြေကြောင့်ဟက်ဇာ့ရင်ထဲတကယ်နွေးထွေးသွားရသည်...စတွေ့ကတည်းကဒီကောင်လေးကိုသူလုံးဝကြည့်မရခဲ့ပေမယ့်ကောင်လေးကိုသူလုံးဝမမုန်းခဲ့ပါ...အရှင်မင်းကြီးအပြင်တော်ဝင်မင်းသားတွေအကုန်လုံးကပါသိပ်ချစ်ကြတဲ့ဒီကောင်လေးကတကယ်ကိုရိုးသားပြီးအရှင်မင်းကြီးကိုလည်းကာကွယ်ပေးနိုင်မယ့်လူဆိုတာသူတွေ့မြင်လာခဲ့ရသည်.
ဟက်ဇာ-"ကဲဒီကောင်လေး....ငါမေးတာတစ်ခုမင်းဖြေတာကတခြားဖြစ်နေတယ်."
အယ်လ်စင်-"ကျွန်တော်ဘာမှမဖြစ်ပါဘူး...နည်းနည်းအတွေးလွန်နေရုံပါ...ကျွန်တော်သွားလိုက်ဦးမယ်နော်."
ဟက်ဇာ-"အေး."
ထွက်ခွာသွားတဲ့အယ်လ်စင့်ရဲ့ကျောပြင်ကိုလိုက်ကြည့်နေရင်းအမြင်အာရုံကအယ်လ်စင့်ရဲ့လက်မှာဝတ်ထားတဲ့လက်စွပ်လေးစီအကြည့်ရောက်သွားမိသည်...ဟက်ဇာဟာအကြောင်းအရင်းကိုသိနေပြီးသားမို့သက်ပြင်းသာချလိုက်တော့သည်.

YOU ARE READING
"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 Complete
Acción"ဒါနမူနာပဲရှိသေးတယ်..နောက်တစ်ခါငါကိုယ်တော်ပိုင်တဲ့လူကိုအကြည့်နဲ့တောင်ထိဖို့မကြိုးစားမိစေနဲ့..မဟုလို့ကတော့ငါကိုယ်တော်ကိုယ်တိုင်မင်းတို့အားလုံးကိုတစ်စစီဆွဲဖြဲပြီးနဂါးစာကျွေးပစ်မယ်