Lord Of Egypt - Episode(7)

163 7 0
                                    

အီဂျစ်နန်းတော်တစ်နေရာပန်းမန်များနဲ့သစ်သီးဝလံပင်များပေါင်းစုံတည်ရှိရာဥယာဥ်တော်ကြီးထဲရှိအပန်းဖြေအိမ်လေးတစ်အိမ်ထဲတွင်မိဖုရားငယ်များလက်ဖက်ရည်သောက်ပွဲကျင်းပနေကြသည်.နန်းဆောင်ကိုပြန်လာတဲ့ဖာဂိုလစ်ကိုမယ်တော်ဖြစ်သူမိဖုရားကလှမ်းခေါ်လိုက်သည်.

"သားတော်!!..မယ်တော်တို့နဲ့အတူလက်ဖက်ရည်ခဏလာသောက်ပါဦး."

ဖာဂိုလစ်-"ဟုကဲ့ပါမယ်တော်."

ငယ်စဥ်ကတည်းကမယ်တော်ဖြစ်သူအပေါ်သိတတ်တဲ့ဖာဂိုလစ်ဟာလိမ္မာရေးခြားရှိသူတစ်ယောက်ဖြစ်ပြီးပါးနပ်ထက််မြက်တဲ့အီဂျစ်တော်ဝင်မျိုးရိုးရဲ့အိမ်ရှေ့စံမင်းသားတစ်ယောက်ဖြစ်သည်.စကားအရမ်းနည်းပြီးပြောစရာရှိမှသာပြောတတ်တဲ့တည်ငြိမ်ရင့်ကျက်တဲ့အိမ်ရှေ့စံကိုလူတိုင်းကချစ်ခင်နှစ်သက်ကြသည်..ထိုသို့ပြစ်မျိုးမရှိသောလူမှာလုံးဝမေ့မရတဲ့အတိတ်ဆိုးတစ်ခုတော့ရှိခဲ့သည်.

"သားတော်ရောက်လာတာနဲ့အတော်ပဲကွယ်.မယ်တော်တို့တွေကသားတော်ရဲ့လက်ထပ်ပွဲအတွက်ဆွေးနွေးနေကြတာလေ.သားတော်လည်းအရွယ်ရလာပြီဆိုတော့လက်ထပ်သင့်ပြီမဟုလား.."

ဖာဂိုလစ်-"သားတော်မစဥ်းစားချင်သေးဘူးမယ်တော်."

"မစဥ်းစားလို့မရတော့ဘူးလေသားတော်.သားတော်ကတော်ဝင်မျိုးနွယ်ရဲ့အိမ်ရှေ့စံ..သားတော်ကအရင်မွေးတဲ့ကလေးကပဲနန်းတတ်ကိုတတ်ရမယ်.ဟိုအာဇူးမစ်ခ်နန်းတတ်နေတာကိုမယ်တော်မြင်ကိုမမြင်ချင်တော့ဘူး.တော်ဝင်မျိုးရိုးအစစ်အမှန်လည်းမဟုတဲ့သူကိုဘာလို့များကိုယ့်သားတော်အရင်းကိုကျော်ပြီးထီးနန်းပေးခဲ့လဲနားကိုမလည်နိုင်တော့ဘူး."

ဖာဂိုလစ်-"မယ်တော်ကနောင်တေ့်ာကိုဖြုတ်ချဖို့အတွက်နဲ့သားတော်ကိုလက်ထပ်စေချင်တာလား.မယ်တော်ထီးနန်းအတွက်နဲ့နောင်တေ့်ာကိုတိုက်ခိုက်နေတာတွေတော်သင့်ပြီ."

"မတော်လို့မရဘူးသားတော်.ဒီဘယ်ဥကပေါက်လာမှန်းမသိတဲ့တော်ဝင်မျိုးရိုးမစစ်တဲ့သူကိုဘာလို့ထီးနန်းဆက်ခံခိုင်းရမှာလဲ.ထီးနန်းနဲ့အသင့်တော်ဆုံးလူကမယ်တော့်ရဲ့သားပဲ.ပြီးတော့သူကသားရဲ့နောင်တော်မဟုဘူး.သူနဲ့သားတော်ကဘာမှသွေးသားမတော်စပ်ဘူး.ဘာလို့သူ့ကိုသားတော်ကာကွယ်ပေးနေရတာလဲ.ပြီးတော့သားတော်‌မမေ့ဖို့ကသားတော်ကာကွယ်ပေးနေတဲ့လူဆိုတာတစ်ချိန်ကသားတော်ချစ်တဲ့မိန်းကလေးကိုရက်ရက်စက်စက်သတ်ပစ်ခဲ့တဲ့လူနော်....... "

"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 CompleteWhere stories live. Discover now