အာဇူးမစ်-"စစ်ပွဲအတွက်အားလုံးပြင်ဆင်ပြီးပြီလား?."
မိုဟာနို-"ပြင်ဆင်ပြီးပါပြီအရှင်မင်းကြီး."
အာဇူးမစ်-"ဇန်ဒါ့သတင်း.."
မိုဟာနို-"ဘာမှမကြားရသေးပါဘူးအရှင်မင်းကြီး...အရှင်မင်းသားကိုဆက်လက်ရှာဖွေနေပါတယ်..."
အာဇူးမစ်-"ဆက်ရှာခိုင်းထားလိုက်.."
မိုဟာနို-"အမိန့်တော်မြတ်အတိုင်းပါအရှင်မင်းကြီး."
အိုဖီယာ-"ကျွန်တော်ရောက်ရှိပါပြီနောင်တော်."
အာဇူးမစ်-"အင်း...ငါကိုယ်တော်မင်းတို့နှစ်ယောက်လုံးကိုတာဝန်ကြီးတစ်ခုပေးစရာရှိတယ်...ဒီစာချွန်လွှာကို"တီဗာ"တောင်တန်းမျိုးနွယ်စုခေါင်းဆောင်ကိုပေးရမယ်...အိုဖီယာကသံတမန်အဖြစ်ဆောင်ရွက်ရမယ်...မိုဟာနိုကအိုဖီယာကိုအသက်ပေးကာကွယ်ရမယ်...မနက်ဖြန်သွားပါ."
အိုဖီယာ-"တီဗာတောင်တန်းမျိုးနွယ်စုတွေကကျွန်တော်တို့ကိုမုန်းတီးနေတာမဟုလားအရှင်မင်းကြီး?...သူတို့ကကျွန်တော်တို့ကိုလက်ခံပါ့မလား?."
အာဇူးမစ်-"သူတို့လက်ခံလာအောင်လုပ်ရမှာကမင်းရဲ့တာဝန်ပဲ.."
အိုဖီယာ-နားလည်ပါပြီနောင်တော်."
အာဇူးမစ်-"မင်းတို့နှစ်ယောက်လုံးပြန်လို့ရပြီ."
နှစ်ယောက်လုံးစာချွန်လွှာကိုယူဆောင်ကာနန်းဆောင်ထဲကနေထွက်ခွာသွားခဲ့ကြသည်..
အယ်လ်စင်-"တီဗာတောင်တန်းလူမျိုးတွေကဘာလို့ကျွန်တော်တို့ကိုမုန်းနေကြတာလဲ?."
အာဇူးမစ်-"နယ်မြေကြောင့်လေ...ဖခမည်းတော်ကနယ်မြေချဲ့ထွင်ခဲ့တော့သူတို့အတွက်နေစရာမြေမရှိဖြစ်ခဲ့တယ်...နောက်ဆုံးသူတို့မှာနေစရာဆိုလို့တောင်တန်းတွေပဲရှိတော့တယ်...အာ့ဒါကြောင့်ငါကိုယ်တော်တို့လိုမြေပြန့်သားတွေကိုမုန်းနေကြတာ...အခုတော့သူတို့ကိုနေစရာပြန်ပေးသင့်ပြီလို့ထင်တယ်...မဟာမိတ်ဖွဲ့ပြီးနိုင်ငံအတွက်အင်အားတောင့်တင်းအောင်လုပ်လို့ရတယ်."
အယ်လ်စင်-"အရှင်မင်းကြီးစဥ်းစားတာတကယ်ကောင်းတယ်...နှစ်ဦးနှစ်ဖက်အကျိုးရှိတာပေါ့....မင်းသားလေးလည်းအခုဘာတွေလုပ်နေလဲမသိဘူး.."

YOU ARE READING
"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 Complete
Hành động"ဒါနမူနာပဲရှိသေးတယ်..နောက်တစ်ခါငါကိုယ်တော်ပိုင်တဲ့လူကိုအကြည့်နဲ့တောင်ထိဖို့မကြိုးစားမိစေနဲ့..မဟုလို့ကတော့ငါကိုယ်တော်ကိုယ်တိုင်မင်းတို့အားလုံးကိုတစ်စစီဆွဲဖြဲပြီးနဂါးစာကျွေးပစ်မယ်