Lord Of Egypt - Episode(10)

301 20 0
                                    

ဖာဂိုလစ်တစ်ယောက်ဖယ်ရာရဲ့အုတ်ဂူရှေ့မှာရပ်နေတာတစ်နာရီလောက်ရှိနေပြီ...အခုအချိန်ထိလူနဲ့တူတဲ့အရိပ်အယောင်ဆိုတာမတွေ့ရသေးပေ...မနေ့ညကဖယ်ရာနဲ့တူတဲ့မိန်းကလေးပြန်ရောက်လာလိမ့်ဦးမလားဆိုတဲ့စိတ်နဲ့သချိုင်းကိုပြန်လာခဲ့သည်...အချိန်ကြာနေပေမယ့်လည်းထိုမိန်းကလေးကိုတွေ့ချင်စိတ်ကကြီးစိုးနေတာမို့အချိန်တွေကုန်နေတာကိုတောင်မတွေးမိပဲစိတ်လှုပ်ရှားလို့နေသည်...ထို့နောက်တိုးတိတ်တဲ့ခြေသံတစ်ခုကိုအနောက်ကနေကြားလိုက်ရတာကြောင့်တစ်နေရာရာမှာအလျင်အမြန်ပုန်းခိုနေလိုက်သည်...တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားပြီးမျက်နှာကိုလည်းပုဝါအုပ်ထားတာကြောင့်သေချာမမြင်ရပေ...နက်မှောင်လှပတဲ့ခါးထိရှည်တဲ့ဆံပင်ကိုကျစ်ဆံမြီးကျစ်ထားပြီးပုခုံးတစ်ဖက်ပေါ်မှာချထားသည်...လက်ထဲမှာလည်းနှင်းဆီနီပန်းစည်းကိုင်ထားသည်...ထိုမိန်းကလေးဟာဖယ်ရာရဲ့အုတ်ဂူရှေ့တည့်တည့်မှာရပ်တန့်လိုက်တော့ဖာဂိုလစ်ရဲ့လက်ဖျားတွေအေးစက်လာသည်...မိန်းကလေးဟာသူ့လက်ထဲကနှင်းဆီပန်းစည်းကိုဖယ်ရာ့အုတ်ဂူပေါ်ချလိုက်သည်...မိန်းကလေးဟာသူခြုံထားတဲ့ပုဝါကိုချွတ်လိုက်ပြီးအုတ်ဂူရှေ့မှာဒူးထောက်ထိုင်ချလိုက်သည်...ရိူက်ကြီးတငင်ငိုနေပုံရတဲ့မိန်းကလေးဟာမျက်နှာကိုလက်နဲ့အုပ်ပြီးတသိမ့်သိမ့်တုန်အောင်ငိုနေသည်...ဒီ့ထက်ပိုပြီးသည်းမခံနိုင်တော့တဲ့အတွက်ဖာဂိုလစ်ဟာပုန်းကွယ်နေရာကနေထွက်လာပြီးထိုမိန်းကလေးရဲ့လက်ကိုဆုပ်ကိုင်လိုက်သည်.

ဖာဂိုလစ်-"မင်းဘယ်သူလဲ?...မင်းဘာလို့ဖယ်ရာရဲ့အုတ်ဂူရှေ့မှာငိုနေတာလဲ?...မင်းနဲ့ဖယ်ရာကဘယ်လိုပက်သက်နေတာလဲ?...ဖြေလေ."

"ခင်ဗျားအပူတစ်စက်မှမပါဘူး!!!."

ဖာဂိုလစ်-"ဘာ!!!!!."

"ဘုန်း!!!"

ဖာဂိုလစ်ရဲ့ရင်ဘတ်ကိုအတင်းတွန်းဖယ်ပြီးလက်ကိုလည်းဆွဲဖြုတ်ကာဝတ်ထားတဲ့ဂါဝန်ကိုမပြီးပြေးလေတော့သည်...ဖာဂိုလစ်တစ်ယောက်သူကြားလိုက်ရတဲ့အသံကိုနားနဲ့တောင်မယုံနိုင်ပေ...အနှီမိန်းကလေးရဲ့အသံကယောကျာ်းစင်စစ်တစ်ယောက်ရဲ့အသံနဲ့အနည်းငယ်ဆင်တူနေသည်...ထိုမိန်းကလေးအကြောင်းကိုသိချင်စိတ်တွေကပိုလွန်ကဲလာသည်.

"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 CompleteWhere stories live. Discover now