ဖာဂိုလစ်-"အားလုံးလမ်းခရီးမှာအဆင်ပြေကြပါစေ."
ဖာဂိုလစ်ကခရီးသွားမည့်လူများအားလုံးကိုဆုတောင်းပေးနေသည်.ခရီးသွားမယ့်သူတွေကအာဇူးမစ်.အယ်လ်စင်.အိုင်းဆက်နဲ့အမြွာညီနောင်နှစ်ယောက်တို့ဖြစ်သည်.အားလုံးကထင်ထင်ပေါ်ပေါ်မဖြစ်ချင်တာကြောင့်ရိုးရှင်းတဲ့အဝတ်အစားတွေကိုသာဝတ်ဆင်ထားကြသည်.အယ်လ်စင်တစ်ယောက်မတ်တပ်ရပ်နေရင်းအိပ်ငိုက်ချင်နေသည်.အာဇူးမစ်ကတော့အယ်လ်စင့်ကိုမသိမသာမျက်စောင်းထိုးနေသည်.ညတုန်းကလူကိုအပေါ်သွေးအောက်သွေးဇောက်ထိုးမိုးမျှော်ဖြစ်အောင်မွှေခဲ့ပြီးအခုတော့သူမွှေခဲ့တာတွေကိုလုံးဝမမှတ်မိတော့ပုံရသည်..
ဆီးလ်ဂရက်-"အယ်လ်စင်တစ်ယောက်တော့ညတုန်းကသောက်တာများပြီးအိပ်ရေးပျက်နေပုံရတယ်.လိုက်ရောလိုက်နိုင်ရဲ့လား."
အယ်လ်စင်-"ရပါတယ်.နည်းနည်းအိပ်ချင်ရုံပါ...ကျွန်တော်အဆင်ပြေပါတယ်."
ဇန်ဒါ-"အင့်..အကုန်လုံး..ဂရုစိုက်ကြပါနော်.အင့်"
အိုင်းဆက်-"ဟောခက်ပြီ...ဘယ်လိုဖြစ်ပြီးတအီအိနဲ့ငိုနေရတာလဲင့ါညီတော်ရယ်."
အိုဖီယာ-"မင်းအာ့လိုငိုနေတေ့ာခရီးသွားမယ့်လူတွေကဘယ်စိတ်ဖြောင့်လိမ့်မလဲကွ..."
ရာဗာနာ-"ဟုသားပဲဇန်ဒါရယ်...မငိုပါနဲ့တော့.သူတို့ကခဏလောက်ပဲသွားပြီးရင်ပြန်လာကြမှာပါ.လမ်းခရီးသွားမယ့်သူတွေကိုစိတ်မကောင်းဖြစ်အောင်မလုပ်ရဘူးလေ..အားလုံးပဲလမ်းခရီးမှာဂရုစိုက်ကြပါ.နန်းတော်အတွက်စိတ်မပူပါနဲ့.နောင်တော်တို့ပြန်မလာမချင်းကာကွယ်ထားမယ်."
အာဇူးမစ်-"ကောင်းပြီ...သွားမယ်."
အာဇူးမစ်တို့ရဲ့အိုဟီလီယမ်ကိုသွားမယ့်ခရီးစဥ်ဟာစတင်ခဲ့ပြီဖြစ်သည်...အိုဟီလီယမ်တောင်တန်းကအီဂျစ်နိုင်ငံနဲ့ရောမနိုင်ငံနယ်စပ်ဆုံစည်းရာကြားကမြစ်ကမ်းပေါ်မှာတည်ရှိတာကြောင့်အီဂျစ်မြို့ကိုထွက်ပြီး10မိုင်လောက်သွားရင်ရောက်ပြီဖြစ်သည်.မြို့ထဲမှာမြင်းလှည်းတစ်စီးငှားပြီးသွားကြရာမြင်းလှည်းကအိုဟီလီယမ်ကိုမရောက်ခင်၈မိုင်အထိသာမောင်းနှင်တာကြောင့်ကျန်တဲ့နှစ်စ်မိုင်ကိုလမ်းလျှောက်သွားကြသည်.အိုဟီလီယမ်နဲ့တစ်မိုင်တစ်မိုင်နီးကပ်လာလေလူတွေနဲ့ကင်းကွာလေလေ.ပိုနီးလာလေလေအမှောင်အငွေ့အသက်တွေပိုရလာလေဖြစ်သည်.နောက်တော့တောင်တွေအများကြီးကိုတွေ့ရသည်.တစ်ယောက်မှတောင်ပေါ်ကိုမရောက်ဖူးတာကြောင့်ဘယ်တောင်ကအိုဟီလီယမ်မှန်းမသိကြပေ.
YOU ARE READING
"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 Complete
Action"ဒါနမူနာပဲရှိသေးတယ်..နောက်တစ်ခါငါကိုယ်တော်ပိုင်တဲ့လူကိုအကြည့်နဲ့တောင်ထိဖို့မကြိုးစားမိစေနဲ့..မဟုလို့ကတော့ငါကိုယ်တော်ကိုယ်တိုင်မင်းတို့အားလုံးကိုတစ်စစီဆွဲဖြဲပြီးနဂါးစာကျွေးပစ်မယ်