Lord Of Egypt - Episode (41)

203 11 0
                                    

အယ်လ်စင်-"ကျွန်တော်မျိုးရဲ့နာမည်ကအယ်လ်စင်လို့ခေါ်ပါတယ်...အရှင်မင်းကြီးရဲ့ကိုယ်ရံတော်တပ်မှူးပါ."

တင်းမာနေတဲ့လေထုကိုအယ်လ်စင်ကပဲကြားဝင်ပြီးဖြိုခွဲပစ်လိုက်သည်...တိုက်တန်ကအယ်လ်စင့်ရဲ့အဖြေကိုကြားသိရပြီးနောက်စိတ်ကျေနပ်သွားသည်.

တိုက်တန်-"အိုး...အီဂျစ်ပြည့်ရှင်ရဲ့ကိုယ်ရံတော်လေးလား?...ချစ်စရာလေးပဲ."

အာဇူးမစ်-"မိတ်ဆက်ပြီးပြီဆိုတော့ကိုယ့်နေရာကိုထိုင်လို့ရပြီ."

တိုက်တန်-"ဟားဟား...ဘာဖြစ်လို့အာ့လောက်ထိလောနေရတာလဲ?....အခုမှသတိရတယ်...ကျွန်ုပ်အီဂျစ်ပြည့်ရှင်အတွက်ဘာလက်ဆောင်မှတောင်ပါမလာခဲ့ဘူးပဲ."

အာဇူးမစ်-"ကျုပ်လက်ဆောင်လိုချင်လို့ဖိတ်တာမဟုဘူး...ထိုင်ပါ."

တင်းမာနေတဲ့လေထုကိုဖြိုခွဲပစ်လိုက်နိုင်မှပဲအယ်လ်စင်နဲ့အခြားလူတွေကောင်းကောင်းအသက်ရူနိုင်တော့သည်...ကမ္ဘာ့အကြမ်းဆုံးစစ်ဘုရင်နှစ်ယောက်သာတိုက်ပွဲဖြစ်ခဲ့ရင်ဒီမွေးနေ့ပွဲတော်ဟာသွေးလွှမ်းစေမယ့်စစ်မြေပြင်အသွင်သို့ချက်ချင်းပြောင်းလဲသွားနိုင်သည်...မွေးနေ့ပွဲကိုစတင်ပြီဖြစ်ကြောင်းကြေညာလိုက်သောအခါဖျော်ဖြေရေးသမားများကပြဇာတ်တစ်ပုဒ်နဲ့ဖျော်ဖြေစေသည်.

တိုက်တန်-"ဟားဟား...ပြဇာတ်ကသိပ်ကောင်းတာပဲ...ကျုပ်လက်အောက်ငယ်သားတွေကိုလည်းသင်ခိုင်းထားဦးမှပဲ."

အာဇူးမစ်-"ကျုပ်မင်းကိုမေးစရာရှိတယ်."

တိုက်တန်-"မင်းမေးချင်တဲ့အကြောင်းကကျုပ်လက်အောက်ငယ်သားတွေနေရာအနှံ့မှာထကြွသောင်းကျန်းနေတဲ့အကြောင်းလား?."

အာဇူးမစ်-"ဟုတယ်...အာ့ဒါဘာသဘောလဲ?..ကျုပ်တို့တွေသဘောတူညီချက်ယူထားတယ်မဟုဘူးလား?."

တိုက်တန်-"ဟုတာပေါ့...ကျုပ်လည်းမမေ့ပါဘူး...ဒါပေမယ့်ကျုပ်လက်အောက်ငယ်သားတွေကလူနှလုံးကိုသိပ်စွဲလမ်းနေတေ့ာစိတ်မထိန်းနိုင်ပဲဒီလိုတွေဖြစ်ကုန်ကြတာဖြစ်မှာပေါ့.."

အာဇူးမစ်-"စိတ်မထိန်းနိုင်ဘူးဆိုတာမရှိဘူးတိုက်တန်...ခင်ဗျားရဲ့​သြဇာအာဏာနဲ့ဆိုရင်အကုန်လုံးကိုထိန်းချုပ်လို့ရတယ်...ခင်ဗျားဘာတွေကြံစည်နေတာလဲ?."

"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 CompleteWhere stories live. Discover now