တရားရုံးတော်ထဲတွင်နတ်ဘုရားများနှင့်ပရိသတ်များအားလုံးလည်းမရှိတော့ပါ...အထူးသဖြင့်အယ်လ်စင့်ကိုစောင့်ကြည့်နေတဲ့စစ်သားအစောင့်တွေလည်းဘေးနှစ်ဖက်မှာမရှိတော့ပေ...သို့သော်သူဘာလို့ဆက်လက်ဒူးထောက်နေရသေးတာလဲ?...သူ့ရဲ့ဒူးခေါင်းအစုံလည်းနာလွန်းလို့ဆက်မထောက်နိုင်တော့ပေ...ခေါင်းကိုလည်းအခုအချိန်ထိသွေးပေနေတဲ့ကြမ်းပြင်ကိုသာမျက်နှာမူထားသည်...သူနောက်ထပ်သတိရမိတာကအီဂျစ်ပြည်ရဲ့အရှင်သခင်ကလည်းဒီတရားရုံးတော်ကြီးထဲမှာရှိနေသေးတယ်ဆိုတာပင်....အချိန်အတော်ကြာသည်အထိသူနဲ့အီဂျစ်ပြည့်ရှင်ဟာတရားရုံးတော်ထဲမှာတိတ်ဆိတ်စွာရှိနေခဲ့ကြသည်...အီဂျစ်ပြည့်ရှင်ရဲ့စိတ်ထဲမှာတွေးနေတဲ့အရာတွေဟာဘာများဖြစ်မလဲဆိုတာသူသိချင်မိသည်...သူ့လိုဘယ်ကလာမှန်းမသိတဲ့လူစိမ်းတစ်ယောက်ကိုအီဂျစ်ပြည့်ရှင်လို့အမည်ရသူကနတ်ဘုရားတွေကိုတောင်အံတုပြီးကယ်တင်ခဲ့သည်...အီဂျစ်ပြည့်ရှင်ကသူ့ကိုဘာ့ကြောင့်ကယ်တင်ရတာလဲ?...အသုံးချဖို့လား?...ကျွန်အဖြစ်ရောင်းစားဖို့လားဆိုတာမသိပေမယ့်သူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အီဂျစ်ပြည့်ရှင်ကသူ့ဘဝရဲ့အသက်သခင်ကျေးဇူးရှင်သာဖြစ်ပေသည်...အီဂျစ်ပြည့်ရှင်နဲ့အယ်လ်စင်တို့နှစ်ယောက်တည်းတရားရုံးတော်ထဲမှာရှိနေခဲ့ကြတာနာရီဝက်တောင်ကြာခဲ့ပြီ...ဘယ်သူ့ဘက်ကမှလည်းစကားစခြင်းမရှိသလိုတုံ့ပြန်ခြင်းလည်းမရှိခဲ့ကြပေ....တိတ်ဆိတ်လွန်းတဲ့လေထုကိုအီဂျစ်ပြည့်ရှင်ကဖြိုခွင်းပစ်လိုက်သည်...
"မောင်မင်း...အခုချက်ချင်းခေါင်းကိုမော့စမ်း!!."
အာဏာပြင်းလှတဲ့အီဂျစ်ပြည့်ရှင်ရဲ့အသံကြောင့်အယ်လ်စင်ဟာညို့ငင်ခံလိုက်ရတဲ့လူတစ်ယောက်လိုခေါင်းကိုချက်ချင်းမော့လာသည်...အယ်လ်စင်စိတ်ကိုရှင်းရှင်းထားပြီးသူ့မျက်စိရှေ့ကတရားသူကြီးထိုင်ခုံပေါ်မှာရှိနေတဲ့အီဂျစ်ပြည့်ရှင်ကိုကြည့်လိုက်သည်...အီဂျစ်ပြည့်ရှင်ဟာသိပ်ရိုးရှင်းသည်...သူထင်ထားသလိုအာဏာစက်ပြင်းတဲ့အသံနဲ့အရှိန်အဝါတွေကြီးလို့ရူပ်ထွေးတဲ့လူမဟုပဲတကယ့်အီဂျစ်ပြည့်ရှင်ကသိပ်ရိုးရှင်းသည်...ဂုတ်အောက်အထိရှည်လျားတဲ့အနက်ရောင်ဆံပင်တွေကိုသေးငယ်တဲ့ရွှေအဆင်တန်ဆာမြန်းထားပြီးရှင်ဘုရင်ဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီသရဖူကိုဆင်မြန်းထားခြင်းတေ့မရှိပေ....ဆံပင်တစ်စတစ်စကကျယ်ပြန့်တဲ့နှဖူးပေါ်မှာဝဲကျနေသည်...ကျားတစ်ကောင်ရဲ့မျက်လုံးတွေလိုတောက်ပပြီးအရှိန်အဝါပြင်းတဲ့ပယင်းကျောက်ရောင်မျက်ဝန်းအိမ်တွေကကြည့်ရူမိသူအပေါင်းကိုအင်အားချိနဲ့အောင်လုပ်ဆောင်နိုင်စွမ်းရှိသည်အထိစူးရှသည်...နားရွက်နှစ်ဖက်မှာလည်းအဝိုင်းပုံရွှေနားဆွဲလေးတွေကိုကိုဝတ်ဆင်ထားသည်...မို့မောက်နေတဲ့ကြွက်သားအစုံနဲ့နတ်ဘုရားတွေပုံဖော်ထုဆစ်ထားသလိုပြီးပြည့်စုံပြီးအချိုးအစားလှပတဲ့ကိုယ်အပေါ်ပိုင်းမှာလည်ဆွဲအဆင်တန်ဆာအနည်းငယ်နဲ့ရွှေစလွယ်တစ်ခုကလွဲလို့ဘာအဝတ်ကိုမှဝတ်ဆင်ထားခြင်းမရှိပေ...ခါးအောက်ပိုင်းမှာတော့အီဂျစ်ရိုးရာခါးဝတ်အနက်ရောင်ကိုဝတ်ဆင်ထားသည်...အနည်းငယ်ညိုဝင်းတဲ့အသားအရေကအီဂျစ်ပြည့်ရှင်ရဲ့ဆွဲဆောင်မှုရှိလွန်းတဲ့မျက်နှာအသွင်အပြင်ကိုပိုမိုချောမောနေစေသည်.

YOU ARE READING
"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 Complete
Hành động"ဒါနမူနာပဲရှိသေးတယ်..နောက်တစ်ခါငါကိုယ်တော်ပိုင်တဲ့လူကိုအကြည့်နဲ့တောင်ထိဖို့မကြိုးစားမိစေနဲ့..မဟုလို့ကတော့ငါကိုယ်တော်ကိုယ်တိုင်မင်းတို့အားလုံးကိုတစ်စစီဆွဲဖြဲပြီးနဂါးစာကျွေးပစ်မယ်