Pt.20

476 99 114
                                    

"ဟား ဟား ဟား ဟား"

ထယ်ယောင်းကိုကြည့်ကာ ဆော့ဂျင်မှာ လိုက်ရယ်ရမလို၊ ငိုရမလို...

သို့သော်လည်း ထယ်ယောင်းကိုဆေးတိုက်ပြီး အိပ်ခိုင်းဖို့က ပိုအရေးကြီးတာမို့ ထယ်ယောင်းအနားသာ ရေနွေးထည့်ထားသည့် ဇလုံလေးကိုင်ကာ တိုးကပ်သွားရင်း...

"မင်းရေချိုးရင် အနာရှိန်နဲ့ဖျားမှာစိုးလို့ ငါ ရေပတ်ပဲတိုက်ပေးမယ်နော်။ ပြီးရင် ကိတ်ခြောက်လေးစား၊ ဆေးသောက်ပြီး အိပ်ကြစို့"

အရယ်ရပ်ကာ သူ့ကို ဘာမှပြန်မပြောပဲ  တွေတွေကြီးကြည့်နေသည့် ထယ်ယောင်းကို  ဆော့ဂျင် လုပ်ပေးစရာရှိတာ လုပ်ပေးနေမိသည်...

သူ ရေနွေး၀တ်ဖြင့် ထယ်ယောင်း၏ ရင်ဘတ်နှင့်လည်ပင်းက ချွေးစတချို့ကို ခပ်ဖွဖွပွတ်သုတ်ပေးနေတော့ သူ့ကို မျက်တောင်မခတ်ကြည့်နေသည့် ထယ်ယောင်းကြောင့်....

"ဘာလဲ ထယ်.. ငါ့ကို ဘာလို့ ဒီလောက်တောင် စိုက်ကြည့်နေရတာတုန်း၊ ငါ ဒီနေ့ ခါတိုင်းထက်ပိုချောနေလို့လား"

ဆော့ဂျင် အရွှန်းဖောက်ကာ မေးလိုက်သော်လည်း အေးစက်စက်လေထုကတော့  အေးစက်နေမြဲ....

စကားပြန်မလာပဲ သူ့ကို စိုက်ကြည့်နေမြဲ၊ စိုက်ကြည့်နေဆဲဖြစ်သည့်ထယ်ယောင်း၏  လက်ကိုဆွဲယူကာ...

"မင်းဘာတွေဖြစ်နေတာလဲ ထယ်ရယ်... ငါ့ကို မပြောနိုင်လောက်အောင် ဘာတွေ ဖြစ်နေတာလဲ။ အလုပ်ထဲမှာ အဆင်မပြေတာလား  ဒါမှမဟုတ် မင်းအဖေက ဖိအားတွေပေးနေတာလား"

အနည်းငယ်ပျော့ပျောင်းလာဟန်တူသည့်  ထယ်ယောင်း၏မျက်၀န်းများကို ဆော့ဂျင်စိုက်ကြည့်ကာ...

"မင်းကို ဒီလိုမြင်ရတာ ငါတကယ်တော့  အရမ်း၀မ်းနည်းတယ်။ မင်းကို ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ မြင်ချင်တာ"

တိတ်ဆိတ်နေဆဲထယ်ယောင်းကို ဆော့ဂျင်က အသာအယာဖက်ကာ ကျောပြင်ကို ဖွဖွပုတ်ပေးတော့ သူ့ပခုံးစွန်းမှာ စိုစွတ်လာသည့်အထိအတွေ့...

"ထယ်-"

"ကိုယ့်ကို ခွဲမသွားပါနဲ့"

ဗလုံးဗထွေးရေရွတ်သံနှင့်အတူ ဆော့ဂျင်ကိုဆွဲဖက်လိုက်သည်မှာ တင်းတင်းကျပ်ကျပ်...

𝐊ɪᴍWhere stories live. Discover now