Pt.24

511 97 137
                                    

အိမ်တော်ထိန်းကြီးထင်ထားသည့်အတိုင်းပင် အသိစိတ်ပျောက်နေလောက်အောင် သောင်းကျန်းနေသည့် ထယ်ယောင်းနှင့် အပြန်အလှန်ထိုးကြိတ်နေသည့်ကင်မ်နမ်ဂျွန်းတို့ကြား သူလွတ်လိုက်သည့်လူများက ထယ်ယောင်းကို မနည်း၀င်ဆွဲကာ၊ ချုပ်ခေါ်လာရလေသည်...

ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ဒေါသတကြီးအော်ဟစ်ကာ သူ့ကို၀ိုင်းချုပ်ထားကြသည့် အားကောင်းမောင်းသန်လူများ၏ လက်မှ အတင်းရုန်းကန်နေသောထယ်ယောင်းသည် ကင်မ်အိမ်တော်မှာသာ ခုနေ Mr Kim ရှိနေရင် နောက်တစ်ပွဲထပ်ဖြစ်ပြီ... အိမ်မှာ Mr Kim ရှိမနေတာ အများကြီးတော်သေးသည်ဟု ပြောရမည်...

တစ်စီးပြီးတစ်စီး ရှေ့ဆင့်နောက်ဆင့်ထိုးဆိုက်လာသည့် ကားအနက်ကြီးများခြံရံကာ အော်ဟစ်ဆဲဆိုရင်း ကားပေါ်မှဆင်းလာသောထယ်ယောင်းသည် ဘာမှမမြင်နိုင်လောက်အောင် ထူပူနေပြီ...

ဒီလောက်ဖုန်းနံပါတ်လည်းပြောင်း၊ အိမ်လိပ်စာလည်းပြောင်း၊ နောက်ဆုံး ဆော့ဂျင်ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကိုပါ ဖုန်းနံပါတ်‌ပြောင်းထားတာမို့ဆိုပြီး အသစ်ပြန်ဖွင့်ပြီး သုံးစေခဲ့တာ။ ဆော့ဂျင် ရုံးတက်ရုံးဆင်းချိန်ဆိုရင်လည်း သူလာကြိုချိန်နဲ့ အမြဲကွက်တိဖြစ်နေအောင် သတိထားနေတဲ့ကြားက...

တခါတ‌လေ ဆော့ဂျင် စိတ်ကျဥ်းကျပ်နေမယ်ဆိုတာကိုသိသိကြီးနဲ့ သူ မသိချင်ဟန်ဆောင်ပြီး ဆော့ဂျင်ကို မလှုပ်သာအောင် ထိန်းချုပ်ထားတဲ့ကြားက မိနစ်ပိုင်းလေးနောက်ကျလိုက်တာနဲ့ တွေ့ကြပြီ...

တွေ့တာတောင် ဆော့ဂျင်ရဲ့လက်ကို ကင်မ်နမ်ဂျွန်းက ဆုပ်ကိုင်ထားသေးတာ... Lee Honey ကလည်း အဲ့နေရာမှာ... သိပ်ရွံဖို့ကောင်းလိုက်တဲ့မြင်ကွင်း...

သူမုန်းပါသည်ဆိုသည့် လူတွေကြားထဲမှာ သူ့ချစ်သူက ရှုပ်ရှုပ်ယှက်ယှက်နဲ့....

စိတ်ရှုပ်ထွေးစရာကောင်းလှသည့် ထိုသူတို့၏ သုံးပွင့်ဆိုင်ဇာတ်လမ်းတွင် သူကတော့ ဆော့ဂျင်ကို ရအောင်ဆွဲထုတ်ရမည်.. ဘယ်လိုနည်းပဲသုံးရသုံးရ သူ ဆော့ဂျင်ကို ကင်မ်နမ်ဂျွန်းနဲ့ ထပ်မတွေ့စေရဘူး...

𝐊ɪᴍWhere stories live. Discover now