Pt.31

606 104 185
                                    

"ငါလုပ်တာမှန်တယ်"

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး တီးတိုးပြောနေသည့်အိမ်တော်ထိန်းကြီးသည် ကြောက်စိတ်များဒွန်တွဲနေသော်လည်း သူလုပ်သင့်သည်ဟုထင်သည်ကိုတော့ လုပ်ခဲ့လိုက်ပြီဖြစ်သည်...

ကင်မ်အိမ်တော်ကို စရောက်လာကတည်းက အရယ်အပြုံးနည်းလာတဲ့ဆော့ဂျင်လေးဟာ ကြာလာလေလေ၊ မျက်ရည်တွေကသာ အစားထိုးလာခဲ့တာ... လူရောစိတ်ပါ ခပ်ယဲ့ယဲ့ပဲကျန်တော့တဲ့ ဒီကောင်လေးကိုမြင်လိုက်တိုင်း လိပ်ပြာမလုံသည့်ခံစားချက်က တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားစမြဲမို့ ဒီကလေးနှစ်ယောက် အမြန်ဆုံးအဆင်ပြေဖို့ သူ အမြဲဆုတောင်းနေခဲ့တာလည်း ပြည့်မှမပြည့်တာ...

ခုဆိုရင် ဆော့ဂျင်ရဲ့အသက်ကိုတောင် ခြိမ်းခြောက်တဲ့အနေအထားကို ရောက်နေပြီမို့ အပျက်ပျက်နဲ့ နှာခေါင်းသွေးပိုမထွက်ခင် သူ အရဲစွန့်ပြီးခေါ်ထုတ်ခဲ့တာ...

သူ ထယ်ယောင်းကိုလည်း ဒီထက်ပိုပြီး မဆိုးရွားစေချင်တော့ဘူး...

ကျွီ !!!

ကားလမ်းဘေးတစ်နေရာတွင် ထိုးရပ်သွားသည့် Taxiလေးသည် ကားတံခါးပွင့်လာပြီး‌နောက် အိမ်တော်ထိန်းကြီးဆင်းလာသည်...

ထို့နောက် အနောက်ကားဖုံးကိုဖွင့်ကာ Luggageကို မနိုင်မနင်းဆွဲချလိုက်ပြီး အဖုံးကိုမြန်မြန်ဖွင့်လိုက်သည်...

အသက်ကို အငမ်းမရလုရှုနေရသည့်ဆော့ဂျင်သည် မြန်ဆန်လှသည့်အဖြစ်အပျက်ကြီးကို ခုထိ လိုက်မမီသေးသော်လည်း အိမ်တော်ထိန်းကြီးက သူကောင်းဖို့လုပ်ပေးမှန်းကိုတော့ သိနေသည်...

"Ah.. Ahjussi..."

"ဆော့ဂျင်လေး.. ဒီကနေ နောက်ထပ်ကားတစ်စီးကို ထပ်ပြောင်းစီးပြီး အသိတစ်ယောက်ယောက်ရဲ့အိမ်မှာ အရင်သွားနေလိုက်နော်"

သူ့လက်များကိုဆုပ်ကိုင်ကာ စိုးရိမ်တကြီးပြောနေသည့် အိမ်တော်ထိန်းကြီးသည် သူ့လိုပဲ လက်များကအေးစက်လျက်...

"ဒါ Ahjussi ဆီမှာ ရှိသမျှငွေသားတွေပဲ ဆော့ဂျင်လေး... ဘဏ်ကဒ်ပေးလိုက်ရင် သခင်လေး ခြေရာခံလို့ရမှာစိုးလို့ တစ်ခုခုဆိုရင် ငွေသားနဲ့ပဲရှင်းလိုက်နော်"

𝐊ɪᴍWhere stories live. Discover now